အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ကြတာ ဒီအချက်တွေကြောင့်ပါ

အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ကြတာ ဒီအချက်တွေကြောင့်ပါ

လူတစ်ယောက်စီတိုင်းမှာ သူတို့ဘဝရဲ့ ပထမဆုံးသော အချစ်ဦးဆိုတာ ရှိတတ်ကြပါတယ်။ အချစ်ဦးဆိုတာ ဘယ်တော့မှ မေ့မရနိုင်တဲ့ သူတစ်ယောက်အဖြစ်လည်း လက်ခံထား တတ်ကြတာပါ။ တစ်ခြား အချစ်တွေနဲ့ မတူပဲ အချစ်ဦးကို လူတွေဟာ ဘာလို့မမေ့ နိုင်ရတာလဲ။

ပထမဆုံးသော အချစ်ဖြစ်လို့

ဒါကတော့ရှင်းပါတယ် ကိုယ့်ဘဝမှာ ပထမဆုံးသော အချစ်ကို သင်ကြားပေးခဲ့သူဖြစ်တာကြောင့် အမြဲတမ်း ထူးခြားနေ တာပါ ။ အရာရာတိုင်းမှာ ပထမဆုံးသော အရာတွေက ထူးခြားဆန်းကြယ်ပြီး မေ့ဖျောက်ဖို့ ခက်ခဲ တတ်ကြပါတယ်။

တစ်ခြားအချစ်တွေနဲ့ မတူလို့

ပထမဆုံးအကြိမ် အချစ်မှာ ကျရှုံးမိချိန်မှာ ရူးရူးမိုက်မိုက် နက်နက်ရှိုင်းရှိုင်း ချစ်မိ တတ်ကြတာ ဖြစ်ပါတယ်။ ဘဝရဲ့ အချိုမြိန်ဆုံးအခိုက်အတန့်လေးလို့ ပြောလို့ရပြီး ရိုမက်တစ်ဆန်ခြင်း၊ စိတ်လှုပ်ရှားမှုနဲ့ အကြောက်တရားတွေ ရောနှောနေတဲ့အချိန်ပါ။ ဒီလိုခံစားမှုမျိုးကို နောက်ထပ်ဘယ်တော့မှလည်း မခံစားမိတတ်ကြတော့ပါဘူး။

လှည့်စားလိမ်ညာမှုတွေ မပါဘူး

Frist love ဟာ ရိုးရှင်းပြီး အပြစ်ကင်းစင်တဲ့ ချစ်ခြင်းမျိုးပါ။ လိမ်လည်လှည့်စားမှုတွေမပါဝင်သလို ခြယ်လှယ်မှုတွေလည်း မပါဝင်ပဲ စစ်မှန်တဲ့အချစ်မျိုးကို ခံစားရစေတာကြောင့် ဖြစ်ပါတယ်။

ငယ်ရွယ်မှုတွေကို အမှတ်ရနေစေလို့

အချစ်ဦးကို စဉ်းစားမိတိုင်း ကိုယ့်ရဲ့ငယ်ရွယ် ပျိုမှုတွေကလည်း တစ်ဖန်ပြန်ရောက်လာခဲ့သလို စိတ်လှုပ်ရှားမှုတွေ ပြန်လည် အသက်ဝင်လာနေဆဲ ဖြစ်ပါတယ်။ တကယ်လို့များ သူနဲ့သာ ဆက်ရှိနေဖြစ် ခဲ့ရင်ဆိုတဲ့ အတွေးမျိုးတွေ က တစ်ခါတစ်လေမှာ မဖိတ်ခေါ်ပဲရောက် လာစေမိတာက အချစ်ဦးနဲ့ပတ်သက်တဲ့ အရာတွေပဲဖြစ်ပါတယ်။

ပထမဆုံးအတွေ့အကြုံတွေ များလို့

ဆိုလိုချင်တာက ပထမဆုံးအချစ်မှာ ပထမဆုံးအနမ်း၊ ပထမဆုံး ရင်းနှီးထိတွေ့မှု ၊ ပထမဆုံး ခန္ဓာကိုယ်တွင်းက chemical reaction တွေ စသဖြင့် အရာရာတိုင်းက ပထမဆုံးဖြစ်နေတဲ့အတွက်ကြောင့် ပိုမမေ့ပျောက်နိုင်တာ ဖြစ်ပါတယ်။

ရုတ်တရက် အဆုံးသတ်မှု

ပထမဆုံးအချစ်တွေရဲ့ အဆုံးသတ်မှုက ရုတ်တရက်ဆန်လွန်းပါတယ်။ ဥပမာ သူနိုင်ငံခြားမှာ ကျောင်းသွားတတ်တာကြောင့် ဝေးသွားရတာ၊ အလုပ်အကိုင်တစ်ခုကြောင့် သူတစ်ခြားမြို့ကို ပြောင်းသွားတာ စသဖြင့် အခြေအနေတွေကြောင့် ရုတ်တရက်ဝေးကွာသွားတာမျိုး များတတ်ပါတယ်။

ပိုခံစားခဲ့ရလို့

ပထမဆုံးရူးရူးမိုက်မိုက် ချစ်မိနေတဲ့အချိန်မှာ အသည်းကွဲခြင်းက အတော်လေးကို ဆိုးဝါးပါတယ်နော်။ တစ်ခါမှာ အသည်းကွဲခြင်းအတွေ့အကြုံမရှိတဲ့အတွက် ပိုချစ်ခဲ့လို့ ပိုခံစားရတာကြောင့် အချစ်ဦးကို မေ့ပျောက်မလွယ်ပဲ ကိုယ့်အတွင်းစိတ်တစ်နေရာမှာ ကွယ်ဝှက်စွာရှိနေတတ်ကြတာ ဖြစ်ပါတယ်။ Source ; shwemom

Be the first to comment

Leave a comment

Your email address will not be published.


*