အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရလို့ ပရိတ်သတ်တွေ ယနေ့ချိန်ထိ လွမ်းဆွတ်နေကြရတဲ့ အနုပညာကြယ်ပွင့်များ

အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရလို့ ပရိတ်သတ်တွေ ယနေ့ချိန်ထိ လွမ်းဆွတ်နေကြရတဲ့ အနုပညာကြယ်ပွင့်များ

သေခြင်းတရားဆိုတာ လူတိုင်မလွန်ဆန်နိုင် ကြပါဘူး။ လူသားတွေဟာတနေ့ နေ့မှာ သေဆုံးကြ ရမှာတော့ အမှန်ပါပဲ။ ဒါပေမယ့် အရွယ်မတိုင်ခင် ကွယ်လွန်ခဲ့ရပြီ ဆိုရင်တော့ကျန်ရစ်ခဲ့တဲ့ မိသားစုတင်မကပဲ နာရေးသတင်းကိုကြား ရသူတိုင်း စိတ်မကောင်း ဖြစ်ကြရပါတယ်။

သာမန်လူတွေ ကွယ်လွန်သေဆုံးကြပြီဆိုရင် မိသားစုနဲ့ အသိ အကျွမ်းအသိုင်းအဝိုင်းတွေက သတိရ တမ်းတကြ ပါတယ်။ အနုပညာရှင်တွေ ကွယ်လွန်ဆုံးပါး ကြပြီဆိုရင်တော့ သူတို့ရဲ့ မိသားစုတွေ သာမကပဲ သူတို့ ကိုချစ်မြတ်နိုးကြတဲ့ ပရိသတ်များလည်း ဝမ်းနည်းပူဆွေး ကြရပါတယ်။ဒီတခါမှာတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီး အတွက် အချိန်မတိုင်မှီ ကြွေလွင့်ခဲ့ရတဲ့ မြန်မာ့အနုပညာရပ်ဝန်းက ကြယ်ပွင့်များကို ဖော်ပြပေး လိုက်ရပါတယ်။

ဒွေး (ကိုသားကြီး)

စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ သရုပ်ဆောင်ဒွေး (ကိုသားကြီး) ဟာအချိန်မတိုင်မှီ လွင့်ပါးခဲ့ရတဲ့ ကြယ်ပွင့်တွေထဲက တဦးဖြစ်ပါတယ်။ သရုပ်ဆောင် ကောင်းလှပြီး သူရဲ့အသက်ပါလှတဲ့ အကြည့်တွေဟာ ပရိသတ်များကို ယနေ့ တိုင်ဆွဲဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ပညာသာမကပဲ အဆိုပညာ မှာလည်း ပိုင်နိုင်သူ တဦးဖြစ်ပါတယ်။ လျှပ်စစ်အင်ဂျင်နီယာ တဦးဖြစ်ပြီး ပရိသတ်များယနေ့တိုင် ချစ်ခင် လွမ်းဆွတ်နေရတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။ ၁၉၆၆တွင် မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၀၇ ဇူလိုင် ၁၁ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူကွယ်လွန်ခဲ့ ချိန်မှာ အသက် ၄၂ နှစ်သာ ရှိသေးပြီး သူဖန်တီးမယ့် အနုပညာတွေလည်း သူနဲ့အတူ ရပ်တန့်သွားခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်ရင်ထဲမှာ ယနေ့အချိန်ထိ နေရာ ယူထားဆဲဖြစ်ပြီး ယနေ့တိုင် သူရဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပုံရိပ်တွေဟာ အောင်မြင်နေဆဲ ဖြစ်ပါတယ် ။

ထူးအိမ်သင် ( တေးရေး၊တေးဆို)

မြန်မာနိုင်ငံ အနုပညာရှင်တွေထဲက အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ ကြယ်ပွင့် တွေထဲက နှမြောစရာ အကောင်းဆုံး ပညာရှင်နောက်တဦးကတော့ တေးရေး၊ တေးဆိုထူးအိမ်သင်(ကိုငှက်ကြီး) ဖြစ်ပါတယ်။ ပါရမီရှင် တဦးဖြစ်ပြီးအသံ ပါဝါကောင်းမွန်သလို သူဖန်တီးတဲ့ ဂီတစာသားတွေဟာ ယနေ့ အချိန်ထိ ပရိသတ်ရင်ကို စွဲကိုင် လှုပ်ခတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ထူးအိမ်သင်ကို ၁၉၆၃ ဇူလိုင် ၁ရက်နေ့မှာ ပုသိမ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် သြဂတ်စ်(၁၄)ရက်နေ့ မှာ ကွယ်လွန်ခဲ့ပြီး သူကွယ်လွန်ချိန်မှာ အသက်၄၁နှစ်သာ ရှိသေးတာ ကြောင့် ဂီတလောက အတွက်သာမက ပရိသတ်များ အတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်ခဲ့ရပါတယ်။

ဒိုးလုံး (တေးရေး၊တေးဆို)

အော်တာနေးတစ်ရော့ခ် ဂီတကို ပရိသတ်တွေရင်ထဲကို စွဲညှိသွားအောင် သီဆိုဖန်တီးနိုင်ခဲ့တဲ့ အဆိုတော်ဒိုးလုံးဟာ ဂီတလောကရဲ့ ကြယ်ပွင့်ကြီးတခု ဖြစ်ခဲ့ပါတယ်။ ရော့ခ်ဂီတကို ဆန်းသစ်နိုင်ခဲ့ပြီး ပရိသတ်တွေကလည်း စွဲမက်စွာ အားပေးခဲ့ကြပါတယ်။

ဒိုးလုံးဟာ ၁၉၇၆ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ကွယ်လွန် ခဲ့တာကြောင့် သူကွယ်လွန်ချိန်မှာ အသက် ၂၇ နှစ်သာ ရှိခဲ့ပါတယ်။ ဒိုးလုံးဆိုတဲ့ ကြယ်ပွင့်တခု ကြွေလွင့်ခဲ့ရတာဟာ မြန်မာနိုင်ငံရဲ့ ဂီတအနုပညာ သမိုင်းမှာ ဝမ်းနည်းဖို့ အကောင်းဆုံး ဆုံးရှုံးမှုတွေထဲက တခု ဖြစ်ခဲ့ရပါတယ်။

အယ်ဖြူ (တေးရေး/ဆို)

တေးရေး၊ တေးဆိုအယ်ဖြူဟာ ဂီတလောကရဲ့ ကြယ်ပွင့် တဦးဖြစ်ပါတယ်။ တေးသီချင်းပေါင်းများစွာ ရေးသားခဲ့ပြီး ပရိသတ်အားပေးမှုများစွာ ရရှိထားသူ ဖြစ်ပါတယ်။ အယ်ဖြူကို ၁၉၇၂ မေလ(၆) ရက်နေ့တွင် တောင်ကြီးမြို့မှာ မွေးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် အဆိုတော်များအတွက် သီချင်းကောင်းများစွာ ထုဆစ်ပုံဖော်ပေး နိုင်ခဲ့တဲ့ နာမည်ကျော် တေးရေး တဦးဖြစ်ပါတယ်။ အယ်ဖြူဟာ ၂၀၀၄ခုနှစ် မေလ ၂၇ရက်နေ့တွင် ကြွေလွင့်ခဲ့ရတာဖြစ်ပြီး အနုပညာရပ်ဝန်းအတွက် ဆုံးရှုံးမှုကြီးတခု ဖြစ်ခဲ့ရပါတယ်။

တာရာမင်းဝေ (စာရေးဆရာ)

စာပေလောကရဲ့ ကြယ်ပွင့်တဦးဖြစ်တဲ့ ဆရာတာရာမင်းဝေဟာ ရန်ကုန်မြို့တွင် ၁၉၆၆၊ စက်တင်ဘာ(၁၃) ရက်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး ၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ်မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှတာရာ မင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြုခဲ့ပါတယ်။

ဆရာရဲ့ မော်ဒန်စာပေအရေးအသားကို လူငယ်ပရိသတ်များ နှစ်ခြိုက်အားပေးခဲ့ကြပါတယ်။ ဆရာတာရာမင်းဝေ ဟာ သြဂတ်စ် ၅ ရ က် ၊ ၂၀၀၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဆရာကွယ်လွန်ချိန်မှာ အသက် ၄၀သာရှိသေးတာကြောင့် စာပေအနုပညာနဲ့ ပရိသတ်များအတွက် ဆုံးရှုံးမှုတခု ဖြစ်ခဲ့ရပါတယ်။ crd

Add a Comment

Your email address will not be published. Required fields are marked *