အင်ဂျင်နီယာတွေတောင် ဝက်သားတုတ်ထိုး ရောင်းနေတဲ့အချိန်မှာ မင်းသမီးတွေသမာအာဇီဝ Live sale ရောင်းတာအပြစ်ရှိလားလို့ မေးလာတဲ့ ချောရတနာ
ပရိသတ်ကြီးရေ ချောရတနာကတော့ ကာရာအိုကေ ခေတ်ထဲက တေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေ သတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် တတ်တဲ့ အကယ်ဒမီ မင်းသမီ းတစ်လက်လို့လည်း ဆိုရမှာပါ။ နာမည်နဲ့ လိုက်အောင် ချောမောလှပတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေး တစ်သွေးလှတယ်လို့ ဆိုရလောက်အောင် နုပျိုလှပနေတဲ့ သူပါ။
ဒါ့အပြင်အမြဲပျော်ပျော်နေတတ်ပြီးအိမ်ထောင်ရေးမှာလည်းစိတ်ချမ်းသာရတဲ့မင်းသမီးတစ်လက်ပါ။ အနုပညာမောင်နှမတွေအပေါ်မှာလည်းအမြဲရင်းနှီးဖော်ရွေတတ်တဲ့ သူတစ်ယောက်ပါ ။ ဒီနေ့မှာတော့”Ethic ဆိုတာဘာလဲဘာလဲမသိတဲ့လူတွေကsocial media ကိုအသုံးချပြီးသူတစ်ပါးကိုယ်ကျင့်သိက္ခာဘဝရပ်တည်နေတဲ့ career တွေကိုထိပါးပြောဆိုနေကြတယ်
🗣🦻🗣🦻🗣လူတစ်ဦး တစ်ယောက် တိုင်းမှာ value ဆိုတာရှိတယ် သဌေးကြီးကစလို့ သန့်ရှင်းရေးသမားအထိ တန်ဖိုးကိုယ်ဆီရှိတယ် သဌေးအလုပ် သန့်ရှင်းရေးသမား မလုပ်နိုင်သလို သန့်ရှင်းရေးသမား ကလည်းသဌေးအလု ပ်မလုပ်နိုင်ပါဘူး ပညာဘယ်လောက်တက်တက် ပိုက်ဆံဘယ်လောက်ချမ်းသာချမ်းသာ respect each other ဆိုတာ မရှိရင်ဒီလူဟာ အောက်တန်းစားပဲလူတိုင်းလည်းမွေးကတည်းက ဘယ်သူမှမတော်ကြပါဘူး။
IQ ဘယ်လောက်ကောင်းကောင်း ဘယ်သူ မှအလိုလို သိမနေပါဘူး။လေ့လာ သင်ယူရတယ် ။ ဒီလိုပဲအပြောင်းလဲ ကာလမှာ အနုပညာ သမားတွေလဲလေ့လာ သင်ယူရင်း အသက်မွေးဝမ်းကြောင် းတစ်ခုပေါ်လျှောက်လှမ်းနေကြရတာပါ ပင်လယ်ရေတစ်ယောက်တည်း သောက်လို့မကုန်ပါဘူး ဒီကာလစီးပွားရေး အခြေအနေအ ရလူတိုင်း career ပြောင်းနေရပါတယ် အင်ဂျင်နီယာတောင် ဝက်သားတုတ်ထိုးရောင်းပြီးသူ့ career change သေးတာပဲ
👨🍳မင်းသမီးတွေသမာအာဇီဝ Live sale ရောင်းတာအပြစ်မဖြစ်လောက်ပါဘူးနော်🤷🏼♀️ဘဝအတွက်ရိုးသားစွာရှာဖွေလုပ်ကိုင်စားသောက်နေသူများအားလုံးကိုလေးစားပါတယ် 🙆♀️အပြုသဘောဆောင်ရေးသားထားခြင်းဖြစ်သောကြောင့် Be positive think 😇”ဆိုတဲ့စာလေးနဲ့ လတ်တလောသူမရဲ့အမြင်ကို ပြောပြလာခဲ့တာပါ။ ပရိသတ်တွေရဲ့ အမြင်လည်း ချောနဲ့ထပ်တူကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ Crd
Be the first to comment