အစားအသောက်ကို အလွန်အကျွံ စားသုံးလျှင် ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့အရာများ

အစားအသောက်ကို အလွန်အကျွံ စားသုံးလျှင် ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့အရာများ

အလွန်အကျွံ စားသောက်မှုဟာ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်အများတဲ့ အစာစားခြင်း ရောဂါတစ်မျိုး ဖြစ်ပါတယ် ။ အလွန်အကျွံစားသောက်မှုကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးဆိုင်ရာ အကျိုးဆက်တွေ ရှိနေနိုင်ပါတယ် ။ အလွန်အကျွံအစာစားခြင်းကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေး လိုက်ပါတယ် ။

( ၁ ) အစာအိမ်ကို မသက်မသာဖြစ်စေခြင်း

နေ့စဉ်သင့်စားသုံးနေတဲ့ အစားအစာတွေက သင့်ကိုစွမ်းအားပေးသလို စွန့်ပစ်ပစ္စည်းတွေအဖြစ် ခန္ဓာကိုယ်ကနေ ပြန်ထွက်သွားပါတယ် ။ ဒါကိုအစာခြေခြင်းဟုခေါ်ပြီ သင်အနေနှင့် အလွန်အကျွံစားတဲ့အခါ အစာအိမ်က လွန်ကဲစွာမောင်းနှင်ရတာကြောင့် မကြာခဏဆိုသလို ဝမ်းသွားခြင်း၊ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

( ၂ ) ချွေးထွက်ပြီး အရမ်းကိုပူအိုက်လာမယ်

ပုံမှန်ထက်ပိုပြီး အလွန်အကျွံစားသောက်မိတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဟာလှည့်ပတ်ပြီး နှလုံးခုန်နှုန်း မြှင့်တက်လာကာ ချွေးတွေအများကြီး ထွက်လာတာပါ ။ ဇီဝဖြစ်ပျက်မှုကို ရပ်တန့်မယ့််နည်းမရှိပဲ ဇီဝဖြစ်ပျက်မှုပြီးဆုံးတဲ့ အခါမသာ အရာအားလုံး ပုံမှန်ပြန်ဖြစ် သွားပါမယ်။

( ၃ ) အစာအိမ်အတွင်း gas များစွာ ဖြစ်လာနိုင်တယ်

အစာစားတဲ့အခါတိုင်းမှာ လေကိုနည်းနည်းစီ မျိုချိမိတာကြောင့် အစာကို အလွန်အကျွံ စားသုံးတဲ့အခါ လေကိုပိုမျိုချမိစေပါတယ် ။ အစာကြေသွားတဲ့အခါ ခန္ဓာကိုယ်ကနေ လေလည်ခြင်းဖြင့် ဓာတ်ငွေ့တွေကို ပြန်ထုတ်လွှတ်ပါတယ်။လေတွေ ထွက်ပေါက်မရှာမချင်း စိတ်မသက် မသာမှုကို ခံစားရပြီ လေထိုးလေအောင့်တာမျိုးကို ခံစားရနိုင်ပါတယ် ။ သို့သော် လမ်းအနည်းငယ် လျှောက်ခြင်းဖြင့် ပြန်လည် သက်သာစေမှာပါ။

( ၄ ) အိပ်မပျော်ခြင်းကို ဖြစ်စေတယ်

အသာစားပြီလျှင် အိပ်ငိုက်စေတယ်လို့ ယေဘုယျ ယုံကြည်ချက် တစ်ခုရှိပေမယ့် သင်အနေနှင့် အလွန်အကျွံစားမိပါက အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ် ။ အိပ်ချိန်ကို ထိန်းညှိပေးတဲ့ ဟော်မုန် းထုတ်လွှတ်မှုကို ခန္ဓာကိုယ်က ကူညီပေးတာကြောင့် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*