အစ်ကိုဖြစ်သူ ညီနန္ဒရဲ့ ပြောလာတဲ့စကားလေးတစ်ခွန်းကြောင့် များစွာစိတ်မကောင်းဖြစ်ပြီး အားပေးစကားပြန်လည်ပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်
နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားသလို စကားပြော ပွင့်လင်းတာကြောင့်လည်း ပရိသတ်တွေက အချစ်ပို အားပေးနေကြ တာလည်း ဖြစ်ပါတယ်။
နှိုင်းယှဉ်မြင့်မိုရ် ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလ အစပိုင်း ကတည်းကလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့ အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်…။
နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ ရပ်တည်ချက်နဲ့ ပက်သက်ပြီးလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်လေ့ ရှိတာကြောင့် သူမရော သူမရဲ့ အမျိုးသားပါ ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ထားကြတာ ဖြစ်ပါတယ်။
သူမတို့ လင်မယားနှစ်ယောက် စလုံးကတော့ အနုပညာ အလုပ်တွေ ခဏရပ်နားထားရချိန်မှာ လုပ်ငန်းရှင်တွေက လာငှားကြတဲ့ Live Salesလေးကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အလုပ်တိုင်းကို စေတနာပါပါနဲ့ လုပ်ဆောင်ပေးတဲ့ နှိုင်းယှဉ်ကို လုပ်ငန်းရှင်တွေကလည်း ချစ်ကြလို့ အမြဲငှားကြပါတယ်နော်။
နှိုင်းယှဉ်မြင့်မိုရ်က အဆင်ပြေအောင် ပြောဆိုတတ်ပြီး ဈေးအရမ်းရောင်းတတ်လို့ ပရိသတ်တွေက သူမကိုလေးစား ချီးကျူးနေကြ တာဖြစ်ပါတယ်။နှိုင်းယှဉ်ကတော့ အခုလိုကာလ မှာတောင် အလုပ်တွေ မနားတမ်းလုပ်ဆောင်နေရပြီး စီးပွားရေးကို ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒီနေ့လေးမှာတော့ နှိုင်းယှဉ်က ” စိတ်နာရင်လည်း ပိုက်ဆံရှာပါ .. မခံချင်ရင်လည်း ပိုက်ဆံရှာပါ .. စုပါ .. ပိုက်ဆံဟာ ကိုယ့်ရဲ့ မျက်နှာပွင့်ဆေး ” ဆိုပြီး ရေးသားထားတဲ့ ပို့စ်အောက်မှာ ညီနန္ဒ က မျက်နှာပွင့် ချင်တဲ့ အကြောင်း ဈေးလည်းပြန်ရောင်းချင်နေပြီ ဖြစ်တဲ့ အကြောင်းတွေ ကို ပြန်လည် ရေးသား ထားခဲ့ပါတယ်။
ပြည်သူတွေနဲ့ အတူ ရပ်တည်ရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ အစ်ကိုဖြစ်သူ အတွက်လည်း နှိုင်းယှဉ်က ပြန်လည် အားပေးစကားပြောထားရင်း ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောပေးထားကြ ပါသေးတယ် ။ပရိသတ်ကြီးလည်း ညီနန္ဒကို အားပေးစကားလေး ပြောပေးကြ ပါအုံးနော်။crd
Be the first to comment