အစ်မအရင်းတစ်ယောက်လိုချစ်ရတဲ့ ပိုပိုနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အိမ်မက်တစ်ခု မက်ခဲ့တဲ့အကြောင်း ရင်ဖွင့်ပြောပြလာခဲ့တဲ့ ချယ်ရီသင်း

အစ်မအရင်းတစ်ယောက်လိုချစ်ရတဲ့ ပိုပိုနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အိမ်မက်တစ်ခု မက်ခဲ့တဲ့အကြောင်း ရင်ဖွင့်ပြောပြလာခဲ့တဲ့ ချယ်ရီသင်း

ပရိသတ်ကြီးရေ အဆိုတော် ပိုပိုကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦး တော်လှန်ရေးမှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်း ပါဝင် ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူမကတော့ ပုဒ်မ ၅၀၅ (က) ထုတ်ခံရပြီး နောက်ပိုင်းမှာတော့ နေအိမ်မှာပဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အခု လက်ရှိမှာလည်း အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံနေ ရဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ပိုပိုကို ချစ်ကြတဲ့ အနု ပညာလောကမှ ညီအစ်ကို မောင်နှမ တွေကလည်း သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန် နေကြတာ ဖြစ်ပါတယ် ။

မကြာသေးခင်က ပိုပိုနဲ့ ညီအစ်မ အရင်းတွေလို အရမ်းခင်ကြတဲ့ အဆိုတော်ချယ်ရီသင်းရဲ့ Facebook Story မှာ ပို့စ်တစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။

ဒါကတော့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ပိုပိုနဲ့ပတ်သက်ပြီး အလွန်ထူးခြားတဲ့ အိမ်မက် မက်ခဲ့ကြောင့် ထုတ်ပြောပြ လာခဲ့တာ ဖြစ်ပါတယ်။

” ညက မပိုကို ထူးထူး ခြားခြား အိမ်မက် မက်တယ် ။ သူအရမ်း လှနေတယ် အိမ်မက် ထဲမှာ ဘယ်လိုနေ နေရလဲ မမရေ အဆင်ရောပြေ ရဲ့လား စိတ်ပူတယ် 💔💔” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ပိုပို တစ်ယောက် ဘေးကင်း အဆင်ပြေစေဖို့ ဆုတောင်းပေး သွားကြ ပါဦးနော်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*