အဆိုတော်ကျားပေါက်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ဂစ်တာကို ငွေကျပ် (၅) သောင်းနဲ့ပုံစံတူလုပ်ပြီး ရောင်းချခံနေရ
အဆိုတော် ကျားပေါက်ကတော့ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့ပြီး သူ့ရဲ့ရပ်တည်ချက်ကို ခိုင်မာစွာပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်ထိလည်း တက်ကျွမ်းထားတဲ့ အနုပညာနဲ့ တော်လှန်ရေးအတွက် ရံပုံငွေတွေ များစွာရှာဖွေပေးနေတဲ့ ကျားပေါက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သူကိုယ်တိုင် Doodle Art ရေးဆွဲထားတဲ့ Ukulele ကို ရောင်းချခဲ့ပြီး ထို Ukulele ဂစ်တာဟာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့သလို အဆိုပါပိုက်ဆံတွေကိုလည်း NUG အစိုးရထံ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် ကျားပေါက်ရဲ့ အနုပညာနဲ့ ကမ္ဘာပေါ်မှာ တစ်လုံးတည်းရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးဂစ်တာအဖြစ် မှတ်တမ်းဝင်နေတဲ့ ကျားပေါက်ရဲ့ Ukulele ဂစ်တာဟာ ပုံစံတူအဖြစ် ကူးယူခြင်းခံနေရပြီး Online Shop တစ်ခုမှာ ငွေကျပ် (၅) သောင်းနဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။
ကျားပေါက်ကတော့ “နဂိုဆွဲထားတဲ့ အနုပညာပစ္စည်းရဲ့ ၊ဒီ.. ပဂတိတန်ဖိုးပေါ့နော်၊ အဲဒီတန်ဖိုးကို မတွက်ရင်တောင် ၊ဆွဲထားတုန်းကရော၊ နောက် ဒီ auction မှာ ဖြစ်ခဲ့တဲ့ လူတွေရဲ့ စေတနာတွေ ၊ စိတ်တွေ ၊ ဒီ.. Vibes တွေ၊ အဲဒါတွေကိုတော့ respect ထားသင့်တယ်လို့ ထင်တယ်” လို့ နွေဦးအသံ မီဒီယာကိုပြောကြားထားပါတယ်။
ကျားပေါက် Doodle Art ရေးဆွဲထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ဂစ်တာကို အခုလို စည်းကမ်းမရှိ စီးပွားဖြစ်ကူးယူရောင်းချနေတာ တကယ့်ကို ရှုံ့ချစရာလုပ်ရပ်တစ်ခုပါပဲ။ ကျားပေါက်ရဲ့ အနုပညာနဲ့ ဂစ်တာရဲ့တန်ဖိုးကို လေးစားတဲ့ ပရိသတ်တွေကလည်း အဆိုပါ ကိစ္စကို ရှုံ့ချနေလျက်ရှိတာပဲဖြစ်ပါတယ်။ crd
Zawgyi … အဆိုေတာ္ က်ားေပါက္ရဲ့ ကမၻာ့ေဈးအႀကီးဆုံးUkulele ဂစ္တာကို ေငြက်ပ္ (၅) ေသာင္းနဲ႔ပုံစံတူလုပ္ၿပီး ေရာင္းခ်ခံေနရ
အဆိုေတာ္ က်ားေပါက္ကေတာ့ လက္ရွိျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့ၿပီး သူ႔ရဲ့ရပ္တည္ခ်က္ကို ခိုင္မာစြာျပသနိုင္ခဲ့တာပဲျဖစ္ပါတယ္။
လက္ရွိအခ်ိန္ထိလည္း တက္ကၽြမ္းထားတဲ့ အႏုပညာနဲ႔ ေတာ္လွန္ေရးအတြက္ ရံပုံေငြေတြ မ်ားစြာရွာေဖြေပးေနတဲ့ က်ားေပါက္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ သူကိုယ္တိုင္ Doodle Art ေရးဆြဲထားတဲ့ Ukulele ကို ေရာင္းခ်ခဲ့ၿပီး ထို Ukulele ဂစ္တာဟာ အေမရိကန္ေဒၚလာ ၂၇,၅၀၀ နဲ႔ အျမင့္ဆုံး ေလလံေအာင္သြားခဲ့သလို အဆိုပါပိုက္ဆံေတြကိုလည္း NUG အစိုးရထံ လွူဒါန္းခဲ့တာပဲျဖစ္ပါတယ္။
ဒါေပမယ့္ က်ားေပါက္ရဲ့ အႏုပညာနဲ႔ ကမၻာေပၚမွာ တစ္လုံးတည္းရွိၿပီး ကမၻာ့ေဈးအႀကီးဆုံးဂစ္တာအျဖစ္ မွတ္တမ္းဝင္ေနတဲ့ က်ားေပါက္ရဲ့ Ukulele ဂစ္တာဟာ ပုံစံတူအျဖစ္ ကူးယူျခင္းခံေနရၿပီး Online Shop တစ္ခုမွာ ေငြက်ပ္ (၅) ေသာင္းနဲ႔ ေရာင္းခ်ေနတာပဲျဖစ္ပါတယ္။
က်ားေပါက္ကေတာ့ “နဂိုဆြဲထားတဲ့ အႏုပညာပစၥည္းရဲ့ ၊ဒီ.. ပဂတိတန္ဖိုးေပါ့ေနာ္၊ အဲဒီတန္ဖိုးကို မတြက္ရင္ေတာင္ ၊ဆြဲထားတုန္းကေရာ၊ ေနာက္ ဒီ auction မွာ ျဖစ္ခဲ့တဲ့ လူေတြရဲ့ ေစတနာေတြ ၊ စိတ္ေတြ ၊ ဒီ.. Vibes ေတြ၊ အဲဒါေတြကိုေတာ့ respect ထားသင့္တယ္လို့ ထင္တယ္” လို့ ေႏြဦးအသံ မီဒီယာကိုေျပာၾကားထားပါတယ္။
က်ားေပါက္ Doodle Art ေရးဆြဲထားတဲ့ ကမၻာ့ေဈးအႀကီးဆုံး Ukulele ဂစ္တာကို အခုလို စည္းကမ္းမရွိ စီးပြားျဖစ္ကူးယူေရာင္းခ်ေနတာ တကယ့္ကို ရွုံ႔ခ်စရာလုပ္ရပ္တစ္ခုပါပဲ။ က်ားေပါက္ရဲ့ အႏုပညာနဲ႔ ဂစ္တာရဲ့တန္ဖိုးကို ေလးစားတဲ့ ပရိသတ္ေတြကလည္း အဆိုပါ ကိစၥကို ရွုံ႔ခ်ေနလ်က္ရွိတာပဲျဖစ္ပါတယ္။ crd
Be the first to comment