အတွဲမရှိတဲ့ Single များကို အတွဲရစေတဲ့ အနမ်းပွဲတော်

အတွဲမရှိတဲ့ Single များကို အတွဲရစေတဲ့ အနမ်းပွဲတော်

Omed-omedan ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီလူမျိုးတို့စကားအရ…”ဆွဲ-ဆွဲ”လို့ အဓိပ္ပါယ်ရ သလို…”ထုံးတမ်းစဉ်လာအရ အနမ်းပေးကြတဲ့”…ပွဲတော် (အနမ်းပွဲတော်)ဟုလည်း အခုအချိန်မှာလူ သိများနေတဲ့ ကမ္ဘာကျော်ပွဲတော်တစ်ခုဖြစ်ပါတယ်။

Omed-omedan လို့ ဘာလီစကားအရ ခေါ်ကြတဲ့ ဒီရိုးရာဓလေ့ပွဲတော်ကို ဘာလီရှိ “Banjar Kaja နဲ့ Sesetan Denpasar” ဆိုသည့်ကျေးရွာလေးတွေ မှာ ကျင်းပလာခဲ့တာနှစ်ပေါင်း ၁၀၀ ကျော်ရှိနေ ခဲ့ပဲဖြစ်ပါတယ်။ ဒီပွဲတော်ကို ဆင်နွဲခဲ့ကြသူတွေက အဆိုပါကျေးရွာလေးမှ ဒေသခံလူငယ်လေးတွေပဲ အရင်က ကျင်းပြုလုပ်ကာ ဆင်နွဲခဲ့ကြပြီး ဒီပွဲတော်ဟာလူငယ်တွေ အတွက် အဓိကကျင်းပကြတာလဲ ဖြစ်ပါတယ်။

Bali ဘာသာစကားအရ Omed-omedan ဆိုတာ ဆွဲသည်။ ဆွဲငင်သည်”လို့ အဓိပ္ပါယ်ရသလို ဒီရိုးရာ ဓလေ့ကတော့ လူငယ်များအတွက်ကို ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်သည်။ဘာလီဘာသာစကား မှ ဆင်းသက်လာပြီး ဆွဲငင်သည်ဟု အဓိပ္ပါယ်ရတဲ့ ဒီပွဲတော်သည် ဝက်အထီးနှင့် ဝက်အမတို့ရဲ့အကြားဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှ အစပြုပြီး အပြုသဘောဆောင်သောအကောင်း မြင်စေတဲ့ဆွဲငင်မှု နဲ့ အနှုတ်သဘော ဆောင်သော မကောင်းတဲ့လက္ခဏာအငွေ့အသက် ၏ တွန်းအားတို့ရဲ့အကြား အားပြိုင်မှုကို ကိုယ်စားပြု သည့်အနေဖြင့် ကျင်းပခဲ့ကြတဲ့ ပွဲတော်ဖြစ်ပါတယ်။

သမိုင်းအရ …ဒီကျေးလက်ဓလေ့ထုံးတမ်းလာ ပွဲတော်လေးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀)ကျော်ကြာမြင့်ခဲ့သလို အရင်ကတော့ Banjar Kaja နဲ့ Sesetan Denpasar ရွာ ၂ ရွာမှ လူငယ်များသာ ဒီပွဲတော်ကို ပါဝင်ဆင်နွဲနိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။မူလပွဲတော်က အခုလိုမျိုး မဟုတ်ဘူးဟုဆိုခဲ့ကြပေမယ့်…အခုလို အုပ်စုလိုက် တဖက်နဲ့ တဖက် အနမ်းပေးတဲ့ ဓလေ့ က မည်သည့်အချိန်ကာလမှာ မည်သူကစပြီး ထည့် သွင်းလို့ စတင်ပေါ်ပေါက်လာသော ဓလေ့ တစ်ခု ဖြစ်ကြောင်းဟူ၍လည်း ဘယ်သူမှ မသိကြပါဘူး။

သူ့ဟာသူ ဘယ်သူက ဘယ်အချိန်က ဘကြောင့်ပဲ ဒီဓလေ့ကို ထည့်လို့ ဘယ်အချိန်ကပေါ်လို့ပဲဖြစ်ဖြစ် မပေါ်လို့ပဲ ဖြစ်ဖြစ် ဒီကိစ္စအပေါ်မှာ ဘယ်သူတွေက မှ ရှင်းရှင်းလင်းလင်း သိချင်တဲ့သူ မရှိဘူး ဆိုတာ သေချာ မသိရပေမယ့်လည်း သေချာတာကတော့ ယနေ့မှာ လူငယ်တွေရဲ့အကြားမှာ ဒီပွဲတော်ဟာ ရေပန်းစား တဲ့ ပွဲတော်တစ်ခုဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့် ဒီ Omed-omedan ပွဲတော်ကို လူတိုင်း ပါဝင် ဆင်နွဲလို့လည်း မရပါဘူး။ ကန့်သတ်ချက် တစ်ခုရှိပါတယ်။အာ့ကန့်သတ်ချက်ကတော့… ပွဲတော်မှာ ပါဝင်ဆင်နွဲမယ့်သူအနေနဲ့… လက်မထပ် ရသေးသော အသက် ၁၇ နှစ်မှ အသက် ၃၀ အထိ ရှိတဲ့ လူငယ်(ကျား/မ မရွေး)မည်သူမဆိုပါဝင်ပြီးဆင်နွဲခွင့်ရှိတယ် ဆိုတဲ့ စည်းကမ်း ကန့်သတ်ချက် တစ်ခုပဲဖြစ် ပါတယ်။ အာ့တော့ ရှင်းပါတယ်။ လူပျို အပျိုဖြစ်နေခဲ့လည်း အသက်က 30 Over ဆိုရင်… အန်ကယ်ကတော့ No ပါ။ 😝😝

ပွဲတော်ကို နေ့လည် ၂ နာရီဝန်းကျင်မှာ စတင်ပြီး ကျင်းပလေ့ရှိပါတယ်။ ပွဲတော်အစတွင် လမ်းမပေါ် စီတန်းလှည့်လည်၍ စုပေါင်းဆုတောင်းကြခြင်းဖြင့် စတင်လေ့ရှိပါတယ်။ ဆုတောင်းခြင်းအမှုပြီးတာနဲ့…လမ်းမပေါ်တွင် ယောကျာ်းလေး က တဖက်စုစည်းသွားကြသလို မိန်းခလေးတွေကလဲ သီးသန့်စုစည်း ပြီး တဖက်နဲ့တဖက် အုပ်စုကြီး နှစ်စုအဖြစ် လမ်းမအပေါ်တွင်မျက်နှာချင်းဆိုင် ထားကြပါတယ်။

ထို့နောက်ပွဲတော်ရဲ့ခေါင်းဆောင်ထဲမှ တစ်ဦးက…အချက်ပြလိုက်တဲ့အခါ… အုပ်စုကြီးနှစ်စုသည်… လမ်းမပေါ်တွင် တဖက်ကို တစ်ယောက်စီ အလှည့်ကျ ရှေ့တန်းတင်ကာမျက်နှာချင်းဆိုင်ကာ ရင်ဆိုင်တွေ့ကြရန် တဖြေးဖြေးနဲ့ ချဉ်းကပ်လာခဲ့ကြ ပါတော့တယ်။ဒီလိုချဉ်းကပ်လာချိန် ဘေးက ရေနဲ့ လောင်းကြပက်ကြမှုတွေ ပြုလုပ်ပါတော့တယ်။ထိုသို့ရေတွေနဲ့ ဝိုင်း၍ လောင်းနေ ပက်နေခဲ့တဲ့အချိန်ယောကျာ်းလေး အုပ်စုမှရှေ့တန်း အပို့ခံရသူလူငယ်ဟာတဖက်မိန်းခလေးအုပ်စုရဲ့ ရှေ့ဆုံးရှိမိန်းခလေးကို အတင်းဆွဲယူပြီးဖက်နမ်းရ ခြင်း Kissing ရသော ကစားနည်းဖြင့် ကစားရတဲ့ ပွဲတော်ဖြစ်ပါတယ်။

ဒီလိုရှေ့တန်းကလူတွေဖြစ်တာ နဲ့ ဘေးမှတခြားသော လူငယ်ယောကျာ်းလေးတွေ ကလည်း တဖက်ရှိ မိန်းကလေးတွေထံ ပြေးကာ ဆွဲယူ ပွေ့ဖက်ကာ နမ်းနိုင်ကြပါပြီ။လူအုပ်ထဲက တခြားလူတွေက ရှေ့ဆုံးမှ နှစ်ယောက် အပါအဝင် ဒီပွဲတော်ကို ဆင်နွဲနေကြတဲ့ လူငယ်များ အပေါ်ကို ရေနဲ့လောင်းကြပက်ကြပါတယ်။သူတို့ရဲ့ယုံကြည်မှု အရ ရေဟာ ပျော်ရွှင်မှုကို တိုးမြှင့်စေပြီး ရေကြောင့် စုံတွဲအတွက် အပူနှင့် တင်းမာမှုကို လျော့ကျစေပြီး အေးချမ်းစေသည်ဟုလည်း ယုံကြည် ကြပါသည်။

ဒီပွဲတော်ရဲ့ ဒီလိုအခမ်းအနားဟာ Single ဖြစ်နေကြ သူများအတွက်…မိမိကို အတွဲရရှိစေတဲ့၊ အတွဲဖြစ်ဖို့ ရန် မိမိအတွက်အခွင့်အရေးတွေ အများဆုံးရှိနေတဲ့ ပွဲတော်နေရာနှင့် တွေ့ဆုံဖို့ရန် သေချာသလောက် နီးပါးရှိတဲ့ တစ်ခုတည်းသောနေရာဖြစ်လာခဲ့ကြပြီး စုံတွဲတော်တော်များများကလဲ ဒီပွဲတော်ကြောင့်သာ အခုလို အတူစုံခဲ့ကြရတဲ့ အတွဲတွေက အများစုပဲ…ဖြစ်နေကြပြန်ပါတယ်။

ဒီပွဲတော်မှာ အခုလိုနမ်းခြင်းအပြင် ဘာလီဒေသမှ ရိုးရာအစားအစာနှင့် လက်မှုပညာများလဲ ပါရှိတဲ့… (လမ်းဘေး)ဈေးသည်များလည်း ရှိမည်ဖြစ်ကာ ပွဲရဲ့ အခမ်းအနား မစတင်မီမှာတော့ တေးဂီတတို့နှင့် ဖျော်ဖြေတင်ဆက်မှုများလဲ ရှိပါတယ်။

အခုလာမယ့် ၂၀၂၂ ခုနှစ်အတွက် ပွဲတော်ကိုတော့March 22.2022 မှာ ကျင်းပပြုလုပ်ကြမှာဖြစ်လို့ လေယာဉ်လက်မှတ်လဲ မှာလို့ ဝယ်လို့ ရနေကြပါ သေးတယ်နော့် 😝😝 crd ; Reality Show

Be the first to comment

Leave a comment

Your email address will not be published.


*