အနုပညာရှင်တွေ အဖမ်းခံရတုန်းက ငြိမ်ချက်သား ကောင်းနေပြီး ပြန်လွတ်လာတော့မှ အသံကောင်း ဟစ်နေလို့ အပြင်းအထန်ဝေဖန်ခံနေရတဲ့ မို့မို့မြင့်အောင်

အနုပညာရှင်တွေ အဖမ်းခံရတုန်းက ငြိမ်ချက်သား ကောင်းနေပြီး ပြန်လွတ်လာတော့မှ အသံကောင်း ဟစ်နေလို့ အပြင်းအထန်ဝေဖန်ခံနေရတဲ့ မို့မို့မြင့်အောင်

သရုပ်ဆောင် စွမ်းရည်ပြည့်ဝပြီး အချိန်အတော်ကြာအောင် အနုပညာလောကမှာ ရပ်တည် အောင်မြင်လာခဲ့တဲ့ မို့မို့မြင့်အောင်က ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

မျိုးဆက်သစ် အနုပညာရှ င်များကတော့ သူမကို မေမွှေးလို့ ချစ်စနိုးနဲ့ ခေါ်နေကြတာလည်း ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းလိုလို ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေများစွာ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ မို့မို့မြင့်အောင်က သရုပ်ဆောင် အိုင်တင်နဲ့ ပက်သက်ရင် ဘက်စုံတော်တဲ့ သူတစ်ယောက်ဖြစ်လို့ ကျရာဇာတ် ရုပ်တိုင်းမှာ ပိုင်နိုင်တိကျတဲ့ သူမရဲ့ အိုင်တင်တွေက ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူညီ ခဲ့ပါတယ်နော်။

မို့မို့မြင့်အောင် ဟာ နှစ်များစွာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သော်လည်း တစ်နိုင်ငံလုံး အရေးကြုံလာခဲ့တဲ့ အာဏာ သိမ်းခံရမှုကြီးမှာတော့ ငြိမ်သက် တိတ်ဆိတ်စွာ နေခဲ့ရုံ သာမက ပရိသတ် ပြည်သူတွေနဲ့ ဆန့်ကျင်ဖက်မှာ ရပ်တည်နေခဲ့တာကြောင့် ပြည်သူလူထုရဲ့ ငြိုငြင်မှုကို ခံခဲ့ရပြီး ဝေဖန်မှုတွေ ကြုံတွေ့ နေရသူလည်း ဖြစ်ပါ တယ်။

ဒီနေ့မှာဆိုရင်လည်း မေမွှေးက ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေပြန်လွတ်လာတဲ့အတွက် ဝမ်းသာပြီး ခုလိုပြောလာခဲ့တာပဲဖြစ်ပါတယ်နော်.။ ‘ချစ်ရတဲ့မောင်လေး ညီမလေး တွေ မိသားစုနဲ့ပျော်ရွှင်နေကြတာ ကိုယ်လည်းရောပြီးပျော်လိုက်တာ ။ အေမေတွေလည်းပျော် သားသားမီးမီးတွေလည်းပျော် ဒို့ အနုပညာမောင်နှမတွေလည်း ပျော်တယ်ဟေ့။’ဆိုကာ

ရေးသားဖော်ပြ လာခဲ့ရာ အများပြည်သူအတွက် မျက်စိ ဆံပင်မွှေး စူးစရာဖြစ်ကာ ဝေဖန်သံတွေ ဆူညံနေတာ ကိုလည်း တွေ့မြင် ရပါတ ယ်နော်။ ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးအနေနဲ့လည်း အဖြူရောင် အနုပ ညာရှင် မို့မို့မြင့်အောင်ရဲ့ ရေးသားဖော်ပြချက် အပေါ် ဘယ်လိုမြင်သလဲ ဆိုတာ ပြောပြ ဆွေးနွေး ပေးခဲ့ကြပါအုံးနော်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*