အဖိုးတန်အမျိုးမှန်တဲ့ ပြည်မြန်မာရဲ့ စံပြမင်းသမီး အိန္ဒြာကျော်ဇင်
“အိန္ဒြာကျော်ဇင်”ကို ၁၉၇၇ April 24 မှာမွေးဖွားခဲ့ပါတယ် …။ သူမ ငယ်ငယ်ကတည်းက သူမအဖွားပေးခဲ့တဲ့ နာမည်အရင်းကိုက “အိန္ဒြာကျော်ဇင်” တဲ့။ ဘယ်လောက်တောင်လှလိုက်တဲ့ နာမည်လေးလဲ…? “အူဝဲ” ဆိုတာကတော့ သူမရဲ့အဒေါ်ပေးထားတဲ့ နာမည်ပေါ့။ အဖေက ဦးကျော်ဇင်+ အမေက ဒေါ်မြသီတာ …။မောင်နှမသုံးယောက်ထဲက အငယ်ဆုံး သမီးလေးပေါ့။ သူမက အ.ထ.က (၁)ဒဂုံမှာ ကျောင်းတက်ခဲ့ပြီးတော့B.Sc (Chemistry) နဲ့ကျောင်းပြီးခဲ့ပါတယ်။
အိန္ဒြာကျော်ဇင်ဟာ
”သုဒြာ”ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ CEO ဥက္ကဋ္ဌလည်း ဖြစ်သလို…
ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီးအိတ် Brand တစ်ခုဖြစ်တဲ့ The Bridge ရဲ့ တစ်ဦးတည်းသောမြန်မာနိုင်ငံကိုယ်စားလှယ်လည်းဖြစ်ပါတယ်။
ပြေတီဦးပညာရေးဖောင်ဒေးရှင်းရဲ့ ဒုဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ပညာတတ်လူငယ်များကိုလည်း နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်..
သူမဟာ 2021ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ မတရားအာဏာသိမ်းမှုမှာ ပရိသတ်ပြည်သူနဲ့အတူ အမှန်တရားဘက်က ရပ်တည်ပေးခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံခဲ့ရပါတယ်…
2021ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး 2022ခုနှစ် မတ်လ ၂ရက်နေ့မှာတော့လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရခြင်းကနေ လွတ်မြောက်ခွင့်ရခဲ့ပါတယ်… (ရဲရင့်ပြတ်သားသော သူရဲကောင်း မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ စွန့်လွှတ်ရွေးချယ် အနစ်နာခံခဲ့မှုများအား ထာဝစဉ် သတိတရကျေးဇူးတင်စွာဖြင့် ဂုဏ်ယူလေးစားလျက်…)
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မြေး တော်စပ်သူ…
Myanmar Time Media ကရွေးချယ်တဲ့ 2012ခုနှစ်အတွက် ထင်ရှားကျော်ကြား မြန်မာအမျိုးသမီး 50 စာရင်းမှာ အဆင့် 7 ဖြင့် သရုပ်ဆောင် မင်းသမီးများထဲတွင် အမြင့်ဆုံးအဆင့်ဖော်ပြခံရသူ…
သူရိယနေဝန်း နိုင်ငံရေးဂျာနယ်ကရွေးချယ်တဲ့ 2015ခုနှစ်အတွင်း ထင်ရှားခဲ့သူများစာရင်းမှာ 505 Artist တစ်ဦးဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦး၊ 505 အဆိုတော်တစ်ဦးဖြစ်တဲ့ ချစ်သုဝေ တို့နှင့်အတူ ရွေးချယ်ခြင်းခံရသူ …
2017ခုနှစ်မှာ Lu Nge Media ကရွေးချယ်တဲ့ သြဇာအကြီးဆုံး မြန်မာအမျိုးသမီး 5 ဦး စာရင်းမှာ အဆင့် 4 ဖြင့် ပါဝင်လာတဲ့ တစ်ဦးတည်းသော သရုပ်ဆောင်မင်းသမီးအဖြစ် ဖော်ပြခြင်းခံရသူ…
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များဖြစ်တဲ့ တရုတ်နိုင်ငံရွှေကြက်ဖနိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် ပြင်သစ်ရုပ်ရှင်ပွဲတော်များသို့ မြန်မာကိုယ်စားပြု မင်းသမီး အဖြစ် ပထမဦးဆုံး တရားဝင်ဖိတ်ကြားခြင်းခံရသူ…
မြန်မာ့စောင်းတူရိယာဖြင့် သီချင်းကြီး 15 ပုဒ်ကို တီးခတ်နိုင်ပြီး ရွှေစွန်ညိုဇာတ်ကားမှာ ကိုယ်တိုင်စောင်းတီးကာ အံ့ဩဖွယ်သရုပ်ဆောင်နိုင်ခဲ့သူ…
ဂျာမနီနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ပွဲကြီးများထဲမှာ တစ်ပွဲအပါအဝင်ဖြစ်တဲ့ ကမ္ဘာ့အဆင့်ရုပ်ရှင်ပွဲတော်ကြီးမှာ ပထမဆုံးနဲ့ တစ်ဦးတည်းသောမြန်မာမင်းသမီးအဖြစ် ဆုရရှိခဲ့ဖူးသူ…
ဒီလို ဂုဏ်ယူစရာအထင်ကရ မှတ်တိုင်များနဲ့ အတူ စံတင်မှတ်ကျောက်တင်ရလောက်တဲ့ ပြည်သူ့မင်းသမီး အိန္ဒြာကျော်ဇင် ဟာ မြန်မာပြည်ရဲ့ တစ်မိပေါက်တစ်ယောက်ထွန်း အဖိုးတန်ရတနာတစ်ပါး လို့ တင်စားခေါ်ဝေါ်ထိုက်ပါပေတယ်။crd
Be the first to comment