Unicode … အဖိုးအဖွားတွေအတွက် တုတ်ကောက်တွေနဲ့ အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်တဲ့ အတိုင်းပဲ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ကာပြုလုပ်နေခဲ့ပါတယ်။
လတ်တလောမှာလည်း ကပ်ဘေးတွေကြောင့် စားဝတ်နေရေးကျပ်တည်းနေတဲ့ ပြည်သူတွေ ကျန်းမာရေးချို့တဲ့ တဲ့ သူတွေအတွက်ကိုလည်း တတ်နိုင်သလောက်နေတိုင်းလိုလို လှူဒါန်းပေးနေခဲ့ပါတယ်။
ဒီနေ့အောက်တိုဘာလ(၃၀)ရက်နေ့မှာလည်း ခိုင်နှင်းဝက အဖိုးအဖွားတွေအတွက် သူ့ရဲ့ (၇)ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
ဒီနေ့မှာပြုလုပ်တဲ့ အလှူလေးကတော့ အဖိုးအဖွားတွေအတွက် တုတ်ကောက်နဲ့ လိုအပ်တာတွေအသုံးပြုနိုင်ဖို့ တစ်ယောက်ကို အလှူငွေ (၁)သောင်းကျပ်စီကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့အလှူလေးမှာ ခိုင်နှင်းဝေက စုစုပေါင်း အဖိုးအဖွား အယောက် (၅၀)စာအတွက် တုတ်ကောက်နဲ့ အလှူငွေတွေလှူဒါန်းပေးနိုင်ခဲ့ပါတယ်တဲ့။
ပရိသတ်ကြီးတွေရေ ခိုင်နှင်းဝေကတော့ သူနဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ ဒီနေ့မှာပြုလုပ်တဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြဖို့ မျှဝေထားခဲ့တဲ့ အတွက် ပရိသတ်ကြီးတွေက သာဓုခေါ်ပေးခဲ့ကြပါဦးနော်။ Crd ;
Be the first to comment