အမိနိုင်ငံကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ရတဲ့ နာမည်ကျော် ယူကရိန်းမင်းသား
ရုရှား ကျူးကျော်စစ်ကို ကာကွယ်ဖို့ ယူကရိန်း တပ်ထဲဝင်ရောက်လာတဲ့ နာမည်ကျော် ယူကရိန်းမင်းသား ပါရှာလီ(Pasha Lee ) ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
၃၃ နှစ် အရွယ်ရှိ မင်းသား ပါရှာလီ(Pasha Lee )ဟာ မတ်လ ၆ ရက်က ကိယက်ဗ်မြို့အနောက်မြောက်ဘက်ရှိ Irpin မှာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ Odesa International Film Festival က Facebook မှာ ကြေညာချက်အရ သိရပါတယ်။
မင်းသား Lee ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ၎င်းရဲ့ Instagram စာမျက်နှာကနေ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ပုံတွေတင်ရှိပြီး ပရိသတ်ကိုမျှဝေခဲ့ပါသေးတယ်။
သူဟာ ရုပ်ရှင် ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး “The Gallery”၊”Shadow of Unforgotten Ancestors “၊ “Meeting Classmates” ရုပ်ရှင် ကားကြီးတွေနဲ့ နာမည်ကြီး လာခဲ့သူပါ။ ပါရှာလီ ရုရှား ကျူးကျော်စစ်အတွင်း ယူကရိန်း နိုင်ငံအတွက် ပထမဆုံး ကျဆုံးခဲ့ရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ရပါတယ်။crd ; AKonThi
Zawgyi … အမိနိုင္ငံကို ကာကြယ္ရင္း က်ဆံုးသြားခဲ့ရတဲ့ နာမည္ေက်ာ္ ယူကရိန္းမင္းသား
႐ုရွား က်ဴးေက်ာ္စစ္ကို ကာကြယ္ဖို့ ယူကရိန္း တပ္ထဲဝင္ေရာက္လာတဲ့ နာမည္ေက်ာ္ ယူကရိန္းမင္းသား ပါရွာလီ(Pasha Lee ) က်ဆုံးသြားခဲ့တယ္လို့ သိရပါတယ္။
၃၃ ႏွစ္ အရြယ္ရွိ မင္းသား ပါရွာလီ(Pasha Lee )ဟာ မတ္လ ၆ ရက္က ကိယက္ဗ္ၿမိဳ့အေနာက္ေျမာက္ဘက္ရွိ Irpin မွာ ႐ုရွားတပ္ေတြရဲ့ ပစ္ခတ္မွုအတြင္း ေသဆုံးသြားခဲ့တယ္လို့ Odesa International Film Festival က Facebook မွာ ေၾကညာခ်က္အရ သိရပါတယ္။
မင္းသား Lee ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က ၎ရဲ့ Instagram စာမ်က္ႏွာကေန စစ္ဝတ္စုံဝတ္ဆင္ထားတဲ့ပုံေတြတင္ရွိၿပီး ပရိသတ္ကိုမၽွေဝခဲ့ပါေသးတယ္။
သူဟာ ႐ုပ္ရွင္ ကားေပါင္းမ်ားစြာမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး “The Gallery”၊”Shadow of Unforgotten Ancestors “၊ “Meeting Classmates” ႐ုပ္ရွင္ ကားႀကီးေတြနဲ႔ နာမည္ႀကီး လာခဲ့သူပါ။ ပါရွာလီ ႐ုရွား က်ဴးေက်ာ္စစ္အတြင္း ယူကရိန္း နိုင္ငံအတြက္ ပထမဆုံး က်ဆုံးခဲ့ရတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ရပါတယ္။crd ; AKonThi
Be the first to comment