အမေရိကန်မှာမွှေပြီးတဲ့ အပူပိုင်းမုန်တိုင်း ဗြိတိန်သို့ ဦးတည်နေဟုဆို
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ထဲကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ဘာမြူဒါကို ဖြတ်ကျော်တိုက်ခတ်လာတဲ့ အပူပိုင်းမုန်တိုင်းဟာ ဗြိတိန်နိုင်ငံဆီကို ဦးတည်နေတယ်လို့ မိုးလေဝသဌာနတွေ ကဆိုကြပါတယ်။
အဲဒီအပူပိုင်းမုန်တိုင်း အဲလက်စ်(Alex)ရဲ့ အကြွင်းအကျန်တွေဟာ ဒီသီတင်းပတ် အကုန်လောက်မှာ တစ်နာရီ ကီလိုမီတာ ၉၀ နှုန်းလောက်ရှိတဲ့ လေတိုက်ခတ် အားနဲ့အတူ မိုးသည်းထန်မှုကိုပါ သယ်ဆောင်ကာ ဗြိတိန်နိုင်ငံကိုဝင်မယ်လို့ ခန့်မှန်းကြတာပါ။
ဗုဒ္ဓဟူးနေ့လောက်မှာ ဗြိတိန်နိုင်ငံ ဒေသအများစုမှာ မိုးရွာနိုင်ပြီး၊ မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်မှာဖြစ်သလို မိုးကြိုးနဲ့ မိုးကြိုးမုန်တိုင်းလဲ ကျရောက်နိုင်တယ်လို့ ဗြိတိန်မိုးလေဝသပညာရှင် Adam Thornhill က ဆိုပါတယ်။
အဲဒီ အပူပိုင်းမုန်တိုင်း အဲလက်စ်ဟာ အင်အားများစွ ာဆုံးရှုံးခဲ့ပြီဖြစ်ပေမယ့် အထူးသဖြင့် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ ဗြိတိန်နိုင်ငံ အနောက်မြောက်ဖက်အရပ်ဆီကို အချိန်အခါမသင့်ပဲ လေပြင်းတွေ ယူဆောင်လာမယ်လို့လဲ သူကဆို ပါတယ်။ crd ; popular
zawgyi … အေမရိကန္မွာေမႊၿပီးတဲ့ အပူပိုင္းမုန္တိုင္း ၿဗိတိန္သို့ ဦးတည္ေနဟုဆို
အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါ ျပည္နယ္ထဲကို ၀င္ေရာက္တိုက္ခတ္ၿပီးေနာက္ ဘာျမဴဒါကို ျဖတ္ေက်ာ္တိုက္ခတ္လာတဲ့ အပူပိုင္းမုန္တိုင္းဟာ ၿဗိတိန္နိုင္ငံဆီကို ဦးတည္ေနတယ္လို့ မိုးေလဝသဌာနေတြ ကဆိုၾကပါတယ္။
အဲဒီအပူပိုင္းမုန္တိုင္း အဲလက္စ္(Alex)ရဲ့ အႂကြင္းအက်န္ေတြဟာ ဒီသီတင္းပတ္ အကုန္ေလာက္မွာ တစ္နာရီ ကီလိုမီတာ ၉၀ ႏွုန္းေလာက္ရွိတဲ့ ေလတိုက္ခတ္ အားနဲ႔အတူ မိုးသည္းထန္မွုကိုပါ သယ္ေဆာင္ကာ ၿဗိတိန္နိုင္ငံကိုဝင္မယ္လို့ ခန႔္မွန္းၾကတာပါ။
ဗုဒၶဟူးေန႔ေလာက္မွာ ၿဗိတိန္နိုင္ငံ ေဒသအမ်ားစုမွာ မိုးရြာနိုင္ၿပီး၊ ေျမာက္ပိုင္းေဒသေတြမွာ မိုးသည္းထန္မွာျဖစ္သလို မိုးႀကိဳးနဲ႔ မိုးႀကိဳးမုန္တိုင္းလဲ က်ေရာက္နိုင္တယ္လို့ ၿဗိတိန္မိုးေလဝသပညာရွင္ Adam Thornhill က ဆိုပါတယ္။
အဲဒီ အပူပိုင္းမုန္တိုင္း အဲလက္စ္ဟာ အင္အားမ်ားစြ ာဆုံးရွုံးခဲ့ၿပီျဖစ္ေပမယ့္ အထူးသျဖင့္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔ေတြမွာ ၿဗိတိန္နိုင္ငံ အေနာက္ေျမာက္ဖက္အရပ္ဆီကို အခ်ိန္အခါမသင့္ပဲ ေလျပင္းေတြ ယူေဆာင္လာမယ္လို့လဲ သူကဆို ပါတယ္။ crd ; popular
Be the first to comment