အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ လသားအရွယ် ကလေးလေးကို ခေါ်ယူမွေးစားခဲ့တဲ့ နှလုံးလှပိုင်ရှင်လေး

အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ လသားအရွယ် ကလေးလေးကို ခေါ်ယူမွေးစားခဲ့တဲ့ နှလုံးလှပိုင်ရှင်လေး

ဟေတီနိုင်ငံသား ဂျင်မီ အေမီစီရယ်ဟာ အမေရိကန်နိုင်ငံမှာ ကျောင်းတက်နေသူတစ်ယောက်ဖြစ်ပြီ ကျောင်းပိတ်ရက်တွေမှာ သူ့ရဲ့မွေးရပ်မြေ ဟေတီနိုင်ငံကို ပြန်လာကာ မိဘမဲ့ဂေဟာမှာ စေတနာ့ဝန်ထမ်း လုပ်လေ့ရှိပါတယ်။ သူဟာ ဒီတစ်ခေါက် ကျောင်းပိတ်ရက် ပြန်လာချိန်မှာတော့ လသားအရွယ် ကလေးတစ်ယောက်ရဲ့ အုပ်ထိန်းသူ ဖြစ်လာဖို့ အကြောင်းဖန်လာပါတယ် ။

လသားအရွယ် ကလေးလေးရဲ့ အုပ်ထိန်းသူ ဘယ်လိုဖြစ်ခဲ့လဲဆိုရင် ဂျင်မီဟာဆယ်ကျော်သက်ကတည်းက စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ မိဘမဲ့ဂေဟာကို သွားရင်း အမှိုက်ပုံးနားမှာ စုရုံးနေကြတဲ့ လူအုပ်ကြီးကို မြင်တွေ့ခဲ့ရတယ်။

သူဟာလူအုပ်ကြီးမြင်တော့ ဘာဖြစ်တာလဲသိရဖို့ သွားကြည့်ခဲ့တယ်။ သူဟာ အဲ့ဒီအမှိုက်ပုံးထဲမှာ ပုရွက်ဆိတ်တွေ ၊ အမှိုက်သရိုက်တွေနဲ့ ဖုံးနေတဲ့ (၄) လသားအရွယ် ကလေးလေးကို မြင်တွေ့ခဲ့ရတယ်။ အမှိုက်ပုံးနားမှာ အုံနေတဲ့ လူတွေက ဒီကလေးလေးကို ဘယ်လိုလုပ်ကြမလဲ ပြောဆိုနေကြပြီး ကလေးလေးကို တစ်ယောက်မှမကူညီကြဘဲ ဒီအတိုင်းပဲကြည့်နေခဲ့ကြတယ်။

ဒီလိုနဲက ဂျင်မီလည်း အဲဒီကလေးကို သူ့အိမ် ခေါ်သွားပြီ ဆေးခန်းမပြခင် သူ့အမေနဲ့အတူ ကလေးလေးကို ဆေးကြောသန့်စင်ပေးတာ နို့မှုန့်တိုက်ကျွေးတာတွေ လုပ်ခဲ့တယ် ။ အဲဒီနောက် ဂျင်မီတို့သားအမိဟာ ကလေးလေးနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ် ။ ရဲတပ်ဖွဲ့က ကလေးလေးရဲ့ မိဘတွေကိုရှာဖွေဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။

ကလေးလေးကို တွေ့တဲ့အချိန်တုန်းက ဂျင်မီရဲ့အသက်ဟာ ၂၂ နှစ်ဖြစ်ပြီ ကလေးရဲ့မိဘတွေကို ရှာမတွေ့တာကြောင့် ဂျင်မီဟာ ကလေးလေးရဲ့ အုပ်ထိန်းသူဖြစ်လာခဲ့ပါတယ် ။ ကလေးလေးရဲ့ အုပ်ထိန်းသူနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးတော့ တရားသူကြီးကဂျင်မီကို ကလေးအတွက် တရားဝင်အုပ်ထိန်းသူဖြစ်ချင်လားမေးတော့ ” ဖြစ်ချင်ပါတယ်”လို့ ဖြေခဲ့တာပါ။

အဲဒီအချိန်ကစပြီ ဂျင်မီဟာအမေရိကန်နိုင်ငံနဲ့ ဟေတီနိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်ကာ ကလေးကို ပြုစာသောင့်ရှောက်ပါတယ် ။ သူအမေရိကန်နိုင်ငံမှာ ကျောင်းတက်ပြီး အလုပ်လုပ်နေတဲ့အချိန်မှာတော့ ကလေးလေးကို သူ့ရဲ့အမေ အီလစ်ဆီက ပြုစုစောင့်ရှောက်ထားပါတယ် ။ ကလေးလေးရဲ့ နာမည်ကိုဂျင်မီက အက်မီလီယို အိန်ဂျယ် ဂျီရယ်မီအာလို့ အမည်ပေးထားပါတယ်။

အခုဆိုရင် ဂျင်မီဟာ အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီ အက်မီလီယိုကို သူ့သားအဖြစ် တရားဝင်မွေးစားဖို့ လျှောက်ထားခဲ့ပါတယ် ။ အခုချိန်မှာ အမ်မီလီယိုရဲ့ အသက်ကတော့ (၅) နှစ်ရှိနေပြီဖြစ်ပြီ အက်မီလီယိုကို တရားဝင်မွေးစားမယ့်လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပါပြီ ။ ဂျင်မီတသ်ယောက် ကလေးကိုတရားဝင် မွေးစားနိုင်ဖို့ ဒေါ်လာ ၃၀၀၀၀ စုဆောင်းဖို့ လိုအပ်နေပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*