အရမ်းကြီးအားထုတ်စရာမလိုပဲ ဝိတ်ကျစေနိုင်မယ့် နည်းလမ်းကောင်း ၆ ခု

အရမ်းကြီးအားထုတ်စရာမလိုပဲ ဝိတ်ကျစေနိုင်မယ့် နည်းလမ်းကောင်း ၆ ခု

ကိုယ်အလေးချိန်ချဖို့ဆိုတာ ဒီကနေ့ခေတ်မှာ လူတိုင်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ဝိတ်ကျစေဖို့အတွက် တကယ်တမ်းမှာတော့ အရမ်းကြီးလည်း မခက်ပါဘူး ။ အဆာပြေမုန့်တွေကို အနည်းငယ်လျော့စားပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပိုပေးခြင်းစတဲ့ လွယ်ကူတဲ့ နေမှုပုံစံပြောင်းလဲခြင်းက သင့်ရဲ့ကိုယ်အလေးချိန်ကို အမြန်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ အရမ်းကြီး ပင်ပန်းခက်ခဲစွာ အားထုတ်စရာမလိုပဲ ကိုယ်အလေးချိန်ကျနိုင်မယ့် နည်းလမ်း ၆ ခုကို ဝေမျှပေးလိုက်ပါတယ်။

( ၁ ) အစာစားပြီးတိုင်း သွားတိုက်ပါ

သွားကို စနစ်တကျတိုက်ပေးခြင်းက ခံတွင်းနံ့ကောင်းစေတဲ့အပြင် သင့်ရဲ့ဝိတ်ကိုပါ မြန်မြန်ကျစေ နိုင်ပါတယ်။ တစ်နေ့ကို သုံးကြိမ်သွားတိုက်ပေးခြင်းက ကယ်လိုရီ 5500 ခန့်ကို လောင်ကျွမ်းစေပြိး သင်သတိမထားမိပဲ တစ်နှစ်ကို 15 ပေါင် ကျစေနိုင်တာပါ။ သင်ကသရေစာစားရတာကို နှစ်သက်တဲ့သူဆိုရင်တော့ အစာစားပြီး တိုင်းသွားတိုက်ခြင်းက နောက်ထပ်မုန့်တွေကို မစားမိအောင်တားဆီးပေးထားပြီးသား ဖြစ်စေပါတယ် ။

( ၂ ) အပြင်ထွက်တိုင်းမှာ ရေဗူးဆောင်သွားပါ

ရေဓာတ်ပြည့်ဝနေခြင်းက သင့်ရဲ့အလှအပနဲ့ အလုံးစုံသော ကျန်းမာရေးအတွက် လုံးဝကိုအရေးကြီးပါတယ်။ ရေကိုလုံလောက်စွာ သောက်သုံးပါက အရေးအကြောင်းတွေမှ ကင်းဝေးစေသလို ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ အခန်းအပူချိန်တွင် အေးတဲ့ရေကိုသာက်သုံးလျှင် အစာခြေရန်ခန္ဓာကိုယ်မှ စွမ်းအင်ပိုလိုအပ်တာကြောင့် ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံး ရေအလုံအလောက် သောက်ဖို့အတွက် ဘယ်သွားသွား ရေဗူး ဆောင်သွားပါ။

( ၃ ) အသီးခြစ်တဲ့ zester ဝယ်ထားပါ

သင့်အနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင် ဆားနဲ့ ပဲငံပြာရည်ကို လျှော့စားတာက ပိုကောင်းပါတယ်။ အဲ့ဒါတွေမပါပဲ ကျန်းမာရေးနဲ့ညီညွှတ်ပြီ အရသာရှိစေမယ့် ဟင်းလျာတွေကို ချက်ပြုတ်နိုင်တဲ့ နည်းလမ်းများစွာ ရှိနေပါသေးတယ် ။ အသုပ်တွေထဲမှာ သံပုရိုသီးအခွံလေးကို ခြစ်ပြီးအနည်းငယ်ထည့်တာက လတ်ဆတ်တဲ့ citrus အရသာကို ပေးစွမ်းနိုင်ရုံမက ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ သံပုရိုသီးခွံမှာက အမျှင်ဓာတ်ပါဝင်တာကြောင့် သင့်ကိုအချိန်ပိုကြာအောင် ဗိုက်ပြည့်နေစေပြီ ကိုယ်အလေးချိန်အမြန်ကျစေဖို့ ကူညီပေးမှာပါ။

( ၄ ) Sleep mask တပ်ပြီးအိပ်ပါ

မှောင်မိုက်တဲ့အခန်းအတွင်မှာ အိပ်စက်ခြင်းက သင့်ကိုယ်အလေးချိန် လျှော့ချဖို့ကြိုးစာမှုကို အကူအညီပေးပါတယ် ။ အလင်းရောင်ရှိတဲ့ အခန်းအတွင်းမှာအိပ်စက်ခြင်းက ဇီဝဖြစ်ပျက်မှုကို အကျိုးသက်ရောက်စေပြီး ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ် ။

( ၅ ) အစာစားလျှင် ပန်းကန်အသေးဖြင့် စားပါ

အစာစားချိန်မှာ သေးငယ်တဲ့ပန်းကန်ပြားကို အသုံးပြုခြင်းက အလွန်အကျွံစားခြင်းမှ ရှောင်ကြည်နိုင်ပြီ အစာစားပြီးဗိုက်ပူခြင်းကို ကာကွယ်နိုင်ပါတယ်။ သေးငယ်တဲ့ပန်းကန်ပြားနဲ့ အစာစားခြင်းဟာ သင့်ဦးနှောက်ကို လှည့်စားခြင်းဖြစ်ပြီး သင့်စားနေတဲ့ ကယ်လိုရီပမာဏကို လျှော့ချနိုင်ပါတယ်။

( ၆ ) ကယ်လိုရီနည်းအောင် အစားအစာတွေကို လဲလှယ်ပါ

ကိုယ်အလေးချိန်ချဖို့ကြိုးစားနေစဉ်မှာ သင်အကြိုက်ဆုံး သရေစာတွေကို တစ်ခါတည်းနဲ့ မေ့ပစ်လို့ရမယ်လို့မဆိုပါဘူး။ ဒါကြောင့် ကယ်လိုရီနည်းတဲ့ လဲလှယ်မှုတစ်ချို့ ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ချနေစဉ်မှာ အရသာရှိတဲ့ အစားအစာတွေကိုလည်း စားခွင့်ရနိုင်ပါတယ်။ သင်အနေနဲ့ အသီးအနှံ့တွေနဲ့ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို အစားထိုးနိုင်ပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*