အရိုးကင်ဆာရော အသဲကင်ကင်ဆာရောဂါပါ ခံစားနေရတဲ့သူကို ဆေးဖိုး ၁၀ သိန်းကျပ် ကူညီထောက်ပံ့ခဲ့တဲ့ ချယ်ရီသင်း
အရိုးကင်ဆာရော အသဲကင်ကင်ဆာရောဂါပါ ခံစားနေရတဲ့သူကို ဆေးဖိုး ၁၀ သိန်းကျပ် ကူညီထောက်ပံ့ခဲ့တဲ့ ချယ်ရီသင်း
ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ် အချစ်တော် အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး အလှူအတန်း ရက်ရောလှတဲ့ ချယ်ရီသင်း ကတော့ လိုအပ်နေတဲ့ သူတွေကို သူတတ်နိုင်သလောက် အမြဲလိုလို ကူညီပေးလေ့ရှိပါတယ်။
လတ်တလောမှာလည်း ချယ်ရီသင်းက အရိုးကင်ဆာရော အသဲကင်ဆာရောဂါပါဖြစ်နေပြီး ရောဂါဒဏ်ကို အလူးအလဲ ခံနေရတဲ့ ဝေဒနာရှင် တစ်ဦးအတွက် ဆေးကုသနိုင်ဖို့ ကူညီထောက်ပံ့ ခဲ့ပါတယ်။ အခုတစ်ခေါက်ကတော့ ဝေဒနာရှင်ကို ချယ်ရီသင်းက ဒုတိယအကြိမ်မြောက် လှူဒါန်းပေးတာဖြစ်ပြီး ပထမတစ်ကြိမ်တုန်းကလည်း လှူဒါန်းပေးခဲ့ပါတယ်။
အခုတစ်ခေါက်မှာတော့ ဆေးဖိုးမရှိလို့ ဆေးကုသမှု မခံယူနိုင်ဘဲ ရောဂါဝေဒနာဒဏ်ကိုပဲ အလူးအလဲ ခံနေတဲ့ ဒီဝေဒနာရှင် အတွက် ချယ်ရီသင်းက သူကိုယ်တိုင်အပါအဝင် ပရိသတ်အလှူရှင်တွေလှူဒါန်းပေးတဲ့ အလှူငွေ စုစုပေါင်း(၁၀) သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာ ပဲဖြစ်ပါတယ်။
ချယ်ရီသင်းက အလှူငွေတွေကို ကာယကံရှင်ရဲ့ အိမ်အထိ သူကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းပေးခဲ့တဲ့ အပြင် အားပေးစကားတွေ လည်း ပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ချယ်ရီသင်းရဲ့ သူကိုယ်တိုင် အပင်းပန်းခံပြီးကို လူတစ်ဖက်သား အဆင်ပြေစေဖို့ ကူညီတတ်တဲ့ စိတ်လေးကတော့ တကယ်ကို ချစ်ဖို့ကောင်းလှတဲ့ စိတ်ထားလေးပါပဲနော်။ crd
Zawgyi … အရိုးကင်ဆာရော အသဲကင်ကင်ဆာရောဂါပါ ခံစားနေရတဲ့သူကို ဆေးဖိုး ၁၀ သိန်းကျပ် ကူညီထောက်ပံ့ခဲ့တဲ့ ချယ်ရီသင်း
Be the first to comment
Leave a comment
Your email address will not be published.
*