အဝေးကနေပြန်လာပြီး ချစ်ဇနီးလေးကိုမွေးနေ့Surpriseလေး ပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင်နေထူးနိုင်

အဝေးကနေပြန်လာပြီး ချစ်ဇနီးလေးကိုမွေးနေ့Surpriseလေး ပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင်နေထူးနိုင်

သဘာဝ မင်းသားကြီးလို့တောင် ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ နေထူးနိုင်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အက်ရှင် ဇာတ်ကားတွေကိုလည်း ကိုယ်ပိုင် စိတ်ကူးတွေနဲ့ အကောင်းဆုံး ဖန်တီး ရိုက်ကူးမှုတွေကြောင့် အမိုက်စားဇာတ် ကားတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ယခု နောက်ပိုင်းလည်း နေထူးနိုင်ဟာ အနုပညာ အလုပ်တွေအ ပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

သာယာအေးချမ်း ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို တည် ဆောက်ထားတာ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ယခုမှာတော့ ချစ်ဇနီးချောလေး မြသင်းခြယ်ရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဇနီးလေးရဲ့ မွေးနေ့လေးမှာ ကြည်နူးစရာ ဗီဒီယိုလေးတစ်ခုလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါကတော့ ဇနီးဖြစ်သူ မြသင်းခြယ်ရဲ့ မွေးနေ့ပွဲလေးကို အဝေးကနေ ပြန်လာပြီး Surprise လေး လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မွေးနေ့ပွဲလေးကိုလည်း မိသားစုတွေ ပျော်ပျော်ပါးပါး ကျင်းပခဲ့တာကတော့ ကြည့်မိသူတိုင်း ကြည်နူးပီတိ ဖြစ်ခဲ့ရ​တယ်။ ပရိသတ်တွေကလည်း နေထူးနိုင်ရဲ့ ဇနီးသည်လေးအတွက် မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့တာကို ကြည့်ရင်း မင်းသမီး မြသင်းခြယ်အတွက် မွေးနေ့ ဆုမွန်ကောင်းလေး တောင်းပေးခဲ့ပါဦးနော် ပရိသတ်ကြီး။

ပြီးဆုံးအောင် ဖတ်ရှုပေးကြတဲ့ စာဖတ်သူ ပရိသတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ချမ်းသာကြပါစေခင်ဗျာ။ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*