Unicode … အသက်ဝင်လွန်းတဲ့ သဲပန်းပုတွေကြောင့် နာမည်ကြီးနေတဲ့ သဲပန်းပုပညာရှင် အမျိုးသား
သဲတွေကို လူတွေကတော့ ရိုးရိုးသဲတွေလို့ပဲ မြင်မှာပါ။ ဒါပေမယ့် Andoni Bastarrika လို့ အမည်ရတဲ့ အမျိုး သားကတော့ သဲတွေကို သဲလို့ မမြင်ပါဘူး။ တန်ဖိုးရှိတဲ့ အနုပညာ ပစ္စည်းတွေလို့ပဲ မြင်ပါတယ် ။ သဲပန်းပုပြုလုပ်တာကိုတော့ လူတိုင်းက လွယ်ကူတယ် လို့ပဲ မြင်နေမှာပါ။
ဒါပေမယ့် ငယ်ငယ်တုန်းက ကျွန်တော်တို့ကမ်းခြေသွားရင် ကမ်းခြေက သဲတွေကို ခြေထောက်ပေါ်မှာ ပုံပြီးတော့ သဲအိမ်လေးဆောက် ဖဲ့ဖူးကြမှာပါ။ အဲဒီသဲအိမ်လေးတောက် အခန့်မသင့်ရင် ပြိုကျသွားတတ်တာ များပါတယ်။ အဲဒီထက် အဆပေါင်းများစွာကြီးတဲ့ သဲပန်းပုကြီးတွေဆို ဘယ်လောက်တောင်ခက်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါတော့။
ဒီလို သဲပန်းပုကို Andoni တစ်ယောက် စလုပ်ခဲ့တာကတော့ ၂၀၁၀ခုနှစ် လောက် ကတည်းပါ ။ Andoni တစ်ယောက် စလုပ်ခဲ့တဲ့ သဲပန်းပုကတော့ ရေသူမ ပုံစံ တူလေးပဲ ဖြစ်ပါတယ်။ အဲဒီရေသူမပုံစံ သဲပန်းပုလုပ်ပြီးနောက်ပိုင်း Andoni တစ်ယောက် အဲဒီသဲအနုပညာကို စိတ်ဝင်စားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ Andoni တစ်ယောက် ခရီးထွက်ဖြစ်တိုင်း ပင်လယ်ကမ်းခြေတွေ ကိုပဲ အများဆုံး ခရီး ထွက်ခဲ့ပြီး ရောက်သမျှ ကမ်းခြေတိုင်းမှာ သူ့ရဲ့ သဲအနုပညာ လက်ရာကို ပုံဖော်ခဲ့ပါတယ်။ များသော အားဖြင့် သူထုလုပ်တဲ့ သဲပန်းပုတွေကတော့ တိရစ္ဆာန်ပုံလေးတွေပဲ များပါတယ်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*