အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ ယူကေမှာ လက်ထပ်ပွဲကျင်းပ

အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ ယူကေမှာ လက်ထပ်ပွဲကျင်းပ

ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် မာလာလာ ယူဆွဖ်ဇိုင်း လက်ထပ် ထိမ်းမြားလိုက်ပြီ ဖြစ်ပါတယ် ။ ကြင်ဖော် ဖြစ်သူ အက်ဆာမာလစ် နဲ့ အစ္စလာမ် ဘာသာရေး ထုံးစံ နေကာ ပြုတဲ့ မင်္ဂလာပွဲကို ယူကေနိုင်ငံ ရဲ့ မြို့ကြီး တစ်ခုဖြစ်တဲ့ ဘာမင်ဂမ်မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသမီးငယ်တွေ အခွင့်အရေး၊ ပညာရေး တက်ကြွ လှုပ်ရှားသူ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာလာလာဟာ “အင်မတန် အဖိုးမဖြတ်နိုင်တဲ့ နေ့” ဆိုပြီး နေကာပြုတဲ့ နေ့ကို ရည်ညွှန်း ပြောဆိုပါတယ်။

ယူကေနိုင်ငံ၊ ဝက်စ်မစ်လဲန်းလို့ ခေါ်တဲ့ အလယ်ပိုင်းဒေသက ဘာမင်ဂမ် မြို့ကြီးမှာ ပါကစ္စတန်ဖွား မာလာလာ နေထိုင်တာ ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်ပါတယ်။

မာလာလာ ၁၅ နှစ် သမီး အရွယ်မှာ တာလီဘန်တွေက ဦးခေါင်းကို သေနတ်နဲ့ ပစ်တာ ခံခဲ့ရပြီး နောက်ပိုင်း ယူကေမှာ နေထိုင် နေတာ ဖြစ်ပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်း ဆွာ့ တောင်ကြားဒေသ မာလာလာ လိုက်ပါလာတဲ့ ကျောင်းကားပေါ် တာလီဘန် လက်နက်ကိုင်တွေ တက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာမှာ မာလာလာနဲ့ အတူ ကျောင်းသွားဖော် နောက် သူငယ်ချင်း နှစ်ယောက်ပါ ဒဏ်ရာတွေ ရရှိ ခဲ့ကြပါတယ်။

အခု လက်ထပ်လိုက် အပြီး မာလာလာက … “ အက်ဆာနဲ့ ရာသက်ပန် ကြင်ဖော် အဖြစ် လက်တွဲ သွားဖို့ ထိမ်းမြား မင်္ဂလာ ပြုလိုက်ပြီ” လို့ တွစ်တာပေါ်မှာ ရေးသားပြီး အများကို အသိပေးပါတယ်။

ရှေ့ဆက်ကြရမယ့် ဘဝ ခရီးလမ်း အတွက် ဇနီးမောင်နှံ နှစ်ဦးသား ရင်ခုန် စိတ်လှုပ်ရှားနေတယ် လို့လည်း မာလာလာက ဆိုပါတယ်။

တစ်ဦးနဲ့ တစ်ဦး လက်ထပ်ကြဖို့ အစ္စလာမ် ဘာသာရေး ထုံးစံ ကတိကဝတ် ပြုကြတဲ့ နေကာ ပွဲ အပြင်၊ ဧည့်ခံပွဲ သပ်သပ် ကျင်းပ လာမှာလား ဆိုတာတော့ ဇနီးမောင်နှံ နှစ်ဦးက မပြောကြပါဘူး။ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*