အသက် ၁၀၇နှစ်နဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအစ်မအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ဂျပန်ညီအစ်မ

အသက် ၁၀၇နှစ်နဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမွှာညီအစ်မအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ဂျပန်ညီအစ်မ

ဂျပန်နိုင်ငံက အမွှာညီအစ်မ အဖွားအိုနှစ်ဦးဟာ ကမ္ဘာ့အသက်အကြီးဆုံးအမွှာအဖြစ် ဂင်းနစ်မှတ်တမ်း ဝင်သွားပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အသက်၁၀၇ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ၁၉၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ မွေးဖွားခဲ့ကြတာဖြစ်ပါတယ်။ ၁၀၇ နှစ်နဲ့ ၃၀၀ ရက်ရှိပြီဖြစ်ကာ နောက်ထပ် ၂ လဆိုရင် ၁၀၈ နှစ်ပြည့်မြောက်မှာ ဖြစ်ပါတယ်။

ရှိုဒိုကျွန်းမှာ မွေးဖွားခဲ့တဲ့ အမွှာညီအစ်တွေဟာ ငယ်စဉ်က အနိုင်ကျင့် ခံခဲ့ရပြီး အသက်ငယ်ငယ်လေးမှာပဲ ခွာခွာနေထိုင် ခဲ့ကြရပါတယ်။ Sumiyama နဲ့ Kodama လို့ အမည်ရပြီး Kodama ကတော့ မူလတန်းကျောင်းပြီးချိန်မှာ ကျွန်းက ထွက်ခွာခဲ့ပြီး ကျွန်းပြင်ပမှာ အိမ်ထောင်ကျခဲ့ပါတယ်။ ဒါကြောင့် သူတို့ ညီအစ်မဟာ ၁၈၆ မိုင်ကွာဝေးတဲ့ အရပ်ဒေသမှာ ခွဲခွာနေ ထိုင်ခဲ့ကြရတယ်လို့ ဂင်းနစ်မှတ်တမ်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သူတို့ဟာ မင်္ဂလာဆောင်တွေနဲ့ နာရေး အခမ်းအနားတွေ မှသာ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံ ခဲ့ကြရပါတယ်။ ဒါပေမယ့် အသက် ၇၀ ဝန်းကျင်ရောက်ချိန်မှာတော့ ဗုဒ္ဓတရား ရိပ်သာတွေကို အတူတူ သွားရောက်ကာ တရားအားထုတ်မှုတွေလုပ်ခဲ့ကြပါတယ်။ ဒီလိုမျိုး ဂင်းနစ်စံချိန် ဝင်မယ်ဆိုတာကို မစဉ်းစားခဲ့မိဘူးလို့လည်း ပြောဆိုခဲ့ကြပြီး သူမတို့ညီအစ်မနှစ်ယောက် အတူတူရှိနေတာကိုပဲ ကျေနပ်နေခဲ့ကြပါတယ်။

အသက်အကြီးဆုံး အမွှာအဖြစ် ယခင်စံချိန်တင်ခဲ့သူတွေကလည်း ဂျပန်ကပဲဖြစ်ပါတယ်။ Sumiyama တို့ ညီအစ်မရဲ့ ၉၉ နှစ်ပြည့် မွေးနေ့ အချိန်တုန်းက သူတို့ဟာ ယခင်စံချိန်တင် ခဲ့သူနှစ်ဦးရဲ့ ဓာတ်ပုံကိုကြည့်ပြီး သူတို့က အများကြီး ငယ်သေးတယ်လို့ ပြောဆိုခဲ့ကြကြောင်း ဂင်းနစ်စံချိန် ဝက်ဘ်ဆိုက်ကဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာပဲ ဂင်းနစ်အသိအမှတ်ပြုလက်မှတ်တွေကို သူမတို့ဆီ ပေးအပ်ခဲ့ပြီး လက်မှတ်မြင်ရချိန်မှာ Sumiyama က ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး စံချိန်မှတ်တမ်းနဲ့ ပတ်သက်လာရင် ဂျပန်ကမကြခဏ ဆိုသလို စံချိန်သစ်တင်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ယခင်ကလည်း အသက် ၁၁၈ နှစ်နဲ့ ကမ္ဘာ့အသက် အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သူ Kane Tanaka ရှိခဲ့ပြီး သူဟာ ကင်ဆာရောဂါခံစားနေခဲ့ရသူဖြစ်ပေမယ့် အသက်ရှည်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးနှစ်ခုကို ရင်ဆိုင်တွေ့ကြုံပြီး ရှင်သန်ကျန်ရစ်ခဲ့သူလို့လည်း လူသိများထင်ရှားပါတယ်။ source ; The River News

Add a Comment

Your email address will not be published. Required fields are marked *