အသက်အန္တရာယ် ခြိမ်းခြောက်ခံရရှိပြီးနောက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားလိုက်တဲ့ ဆယ်လ်မန်ခန်း

အသက်အန္တရာယ် ခြိမ်းခြောက်ခံရရှိပြီးနောက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားလိုက်တဲ့ ဆယ်လ်မန်ခန်း

ဘောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ မွမ်ဘိုင်းရဲတပ်ဖွဲ့ထံမှာကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့အတွက် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားလိုက်ပါတယ် ။ ပြီးခဲ့တဲ့လက လူဆိုးဂိုဏ်းခေါင်းဆောင် လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းဆီကနေ အသက်အန္တရာယ် ခြိမ်းခြောက်စာ လက်ခံရရှိပြီးနောက် ဆယ်လ်မန်ခန်းက အခုလို သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားခဲ့တာပါ။

ဆယ်လ်မန်ခန်းဟာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ကို လျှောက်ထားဖို့အတွက် ဇူလိုင်လ ၂၂ ရက်နေ့က မွမ်ဘိုင်းရဲဌာနချုပ်ကိုသွားရောက်ခဲ့ပြီး ရဲမင်းကြီး ဗီဗက်ခ် ဖန်ဆယ်ကာကို တွေ့ဆုံခဲ့ပါတယ် ။ ဆယ်လ်မန်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ မိသားစုကို ကာကွယ်ဖို့အတွက်ပါ သေနတ်တစ်လက် ကိုင်ဆောင်ထားချင်တာလို့ ဆိုပါတယ် ။

သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားရာမှာ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးဖို့အတွက် လိုင်စင်အာဏာပိုင်ဆီမတိုင်ခင် ရဲဌာနချုပ်ကို ဆယ်လ်မန် သွားရောက်ခဲ့တာလို့ NDTV သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ သေနတ်အပစ်ခံရကာ သေဆုံးပြီးရက်ပိုင်းအကြာ ဇွန်လ ၅ ရက်နေ့မှာ ဆယ်လ်မန်နဲ့သူ့ဖခင် ဆလင်မ်ခန်းတို့ဟာ ခြိမ်းခြောက်စာ လက်ခံရရှိခဲ့တာပါ ။ ဆလင်မ်ခန်းရဲ့လုံခြုံရေးအဖွဲ့က နေအိမ်အပြင်ဘက်မှာ စာကိုတွေ့ရှိခဲ့တာပါ။

ခြိမ်းခြောက်စာမှာ ဆလင်မ်ခန်းနဲ့ သူ့သား (၂) ယောက်လုံး အဆိုတော်ဆစ်ဒ်ဟူ မိုစီဝါလာလို ကံကြမ္မာမျိုး မကြာခင် ကြုံရမယ်လို့ ရေးထားပါတယ် ။ လော့ရန် ဘစ်ချ်နွိုင်းရဲ့ဂိုဏ်းက သူတို့ရဲ့အာဏာပါဝါကို ပြနိုင်ဖို့အတွက် ဆယ်လ်မန်ခန်းတို့သ ားအဖကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်။ အဲဒီဂိုဏ်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ သရုပ်ဆောင်တွေ ဆီကနေ ငွေညှစ်ဖို့ ပြင်ဆင်နေတာဖြသ်တယ်လို့ မဟာရာရှ်ထရာ ပြည်ထဲရေးဌာနက ပြောပါတယ်။

ခြိမ်းခြောက်ခံရရှိပြီးတဲ့နောက်မှာ ပြည်ထဲရေးဌာနက ဆယ်လ်မန်ခန်းအတွက် လုံခြုံရေး တိုးမြှင့်ပေးခဲ့ပါတယ်။ ခြိမ်းခြောက်စာကို ကိုင်တွယ်နေတဲ့ မွမ်ဘိုင်းရာဇဝတ်မှုဌာနခွဲ အဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ပီယွန်ကို သွားခဲ့ပြီး လော့ရန် ဘစ်ချ်နွိုင်းဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဆစ်ဒ်ဟက်ချ် ဟီရာမန်း ကမ်ဘယ် ဆိုသူကို စစ်ဆေးမေးမြန်းခဲ့ပါသေးတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*