Unicode … အသဲကွဲလို့စိတ်ညစ်ကာ အရက်သောက်ပြီ အုတ်တံတိုင်းကိုခုန်ကျော်ရာ နံရံနှစ်ခုကြားထဲ ညှပ်သွားသည့် မိန်းကလေးရဲ့အဖြစ်
လူတိုင်းက အချစ်နဲ့ မကင်းဝေနိုင်ကြတာကြောင့် ချစ်သူ ရည်းစား ထားသည့်အခါမှာလည်း ကိုယ့်အပေါ် တကယ်ချစ်တဲ့သူရှိသလို မချစ်တဲ့သူတွေလည်း ရှိကာ သဘောထားချင်း မတိုက်ဆိုင်သည့်တစ်နေ့ လမ်းခွဲကြရသည်။
ထိုအချိန်တွင် လူငယ်အများစုက အသဲကွဲသည့် ဝေဒနာကို ခံစားရသက်သာအောင် သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်ကြတာမျိုးရှိပြီး အချို့ကျ စိတ်လွတ်ကိုယ်လွတ် သောက်စားပျော်ပါးတတ်ကြသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၀ ကျော်အရွယ် မိန်းကလေး တစ်ဦးသည် ချစ်သူကောင်လေးရဲ့ လမ်းခွဲခြင်းကို ခံလိုက်ရကာ အသဲကွဲပြီး အရက်ကို လူမသိသူမသိ မူးနေအောင် သောက်ခဲ့သည်။
ထို့နောက် မိန်းကလေးသည် မူးမူးနဲ့ အုတ်တံတိုင်းပေါ်သို့ တက်ခဲ့ရာ အိမ်နီးနားချင်းရဲ့ အုတ်နံရံ နှစ်ဖက်ကြားထဲ ပြုတ်ကျရင်း ညှပ်သွားခဲ့ပြီး ပြန်ထွက်မရတော့တာကြောင့် ဒေသခံ မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခဲ့ရသည်။crd
Be the first to comment