အာကာသထဲ ၁၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ဂျပန်သန်းကြွယ်သူဌေး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိ

အာကာသထဲ ၁၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ဂျပန်သန်းကြွယ်သူဌေး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိ

အာကာသထဲမှာ ရှိတဲ့ နိုင်ငံတကာ အာကာသစခန်းကို ပထမဆုံး သွားရောက် လည်ပတ်ခဲ့တဲ့ ခရီးသွား တစ်ယောက် ဖြစ်ခဲ့တဲ့ ဂျပန်သန်းကြွယ် သူဌေး ယာဆာ ကူမီဇာဝါ ဟာ ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မီဇာဝါ ဟာ ကာဇက်စတန်မှာ ရှိတဲ့ ရုရှားဒုံးပျံနဲ့ အာကာသထဲ လိုက်ပါသွားခဲ့တာဖြစ်ပြီး သူက နိုင်ငံတကာ အာကာသစခန်းမှာ ဧည့်သည် အဖြစ် ၁၂ ရက်ကြာ သွားရောက်နေထိုင် ခဲ့တာပါ။

ရုရှားအာကာသယာဉ်မှူး မီဆာကင်နဲ့အတူ လိုက်ပါသွားကြတဲ့ မီဇာဝါနဲ့ သူ့ရဲ့ လက်ထောက် ရိုက်ကူးရေး သမားတစ်ယောက်ဟာ နိုင်ငံတကာ အာကာသစခန်းမှာ ၁၂ ရက်ကြာ နေထိုင်ခဲ့ကြပြီး အာကာသ ခရီးသွားအစီအစဉ်ကို လူတွေ အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်က စတင်ခဲ့တဲ့ သူတို့ရဲ့ ခရီးစဉ်ဟာ ကာဇက်စတန်နိုင်ငံက နေ ပစ်လွှတ်လိုက်တဲ့ ဂြိုဟ်တု တစ်စင်းနဲ့ အစပြုခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ် နောက်ပိုင်း နိုင်ငံတကာ အာကာသ စခန်းဆီ သွားရောက် လည်ပတ် ခဲ့ကြတဲ့ ပထမဆုံး ခရီးသွားတွေ ဖြစ်လာခဲ့တာပါ။

ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းထဲမှာ အဆင့် ၃၀ ဖြစ်တဲ့ မီဇာဝါ ဟာ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ရှိသူဖြစ်ပြီး အာကာသထဲကိုခရီးသွားဖို့အတွက် ပြီးခဲ့တဲ့ နှစ်တွေကတည်းက ပြင်ဆင်နေခဲ့တာပါ။

မီဇာဝါ ဟာ ဒီခရီးစဉ်ကို သွားဖို့ အတွက် ဒေါ်လာ ၈၈ သန်းအထိ အကုန်အကျ ခံခဲ့ရပြီး ဂျက်ဖ်ဘီဇော့ ၊ ရစ်ချက် ဘရန်ဆန် တို့လို သူဌေးကြီးတွေရဲ့နောက်မှာ အာကာသထဲ ခရီးသွားခဲ့သူအဖြစ် ပါဝင်လာခဲ့ပါတော့တယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*