အာဖဂန်ပြည်သူများအား မုတ်တိတ်မွှေးရိတ်ပေးခြင်း မပြုလုပ်တော့ရန် ဆံပင်ညှပ်ဆိုင်များကို တာလီဘန်များက တားမြစ်ပိတ်ပင်
အာဖဂန်နစ္စတန် ဟယ်လ်မန်းခရိုင် အတွင်းရှိ ဆံသဆရာများကို မုတ်ဆိတ်မွှေးရိတ်ပေးခြင်းနဲ့ ပုံဖော်ခြင်းတို့ မပြုလုပ်ပေးရန် တာလီဘန်တွေက တားမြစ်လိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက အစ္စလာမ့် ဥပေဒေကို ချိုးဖောက်ရာကျတာ ကြောင့် တားမြစ်တာလို့ ဆိုထားပါတယ်။ ဥပဒေကို မလိုက်နာသူများအားလုံး အပြစ်ပေးခံရမယ်လို့ တာလီဘန် ဘာသာရေးရဲက ပြောထားပါတယ်။
ကဘူးလ်မြို့မှာ ရှိတဲ့ ဆံပင်ညှပ်ဆိုင်တွေကလည်း မုတ်ဆိတ်မွှေး မရိတ်ပေးတော့ရန် ညွှန်ကြားချက်ကို အလားတူ ရရှိ ထားတယ်လို့ ပြောပါတယ်။ တာလီဘန်တွေဟာ အာဏာကို နူးညံ့စွာ အသုံးချတဲ့ အစိုးရ တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်လို့ ကတိပေးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူတို့ထုတ်ပြန်တဲ့ စည်းမျဉ်းတွေဟာ အရင်ကလိုပဲ အာဏာကို ပြင်းပြင်းထန်ထန် အသုံးချတဲ့ အဖြစ်ကို ပြန်ရောက်လာပါတယ်။
ပြီးခဲ့တဲ့လ အာဏာရယူပြီးတဲ့ နောက်ပိုင်းမှာလည်း တာလီဘန်တွေကို ဆန့်ကျင်သူမှန်သမျှကို ပြင်းထန်တဲ့ နည်းလမ်းတွေနဲ့ အပြစ်ပေးခဲ့ပါတယ်။ သားအဖနှစ်ဦးကို ပြန်ပေးဆွဲတဲ့ ပြန်ပေးသမား ၄ ဦးကိုလည်း အုပ်စုလိုက် ပစ်သတ်ပြီး သူတို့ရဲ့ အလောင်းတွေကို ချိတ်ဆွဲပြသခဲ့ ပါသေးတယ်။
ဟလ်မန်းခရိုင်တောင်ပိုင်းက ဆံပင်ညှပ်ဆိုင်တွေကိုပေးပို့တဲ့ သတိပေးစာထဲတွင် တာလီဘန်တွေဟာဆံသဆရာတွေကို ရှရီယာဥပဒေအတိုင်း ဆံပင်ညှပ်တာနဲ့မုတ်ဆိတ်ရိတ်တာတွေကို လိုက်နာရမယ်လို့ သတိပေးထားပါတယ်။ သတိပေးစာနဲ့ပတ်သတ်ပြီး ဘယ်သူမှ ဆန့်ကျင်တာမျိုး ပြုလုပ်ခွင့်မရှိဘူးလို့လည်း ရေးထားတယ်လို့ ဆိုပါတယ်။
တာလီဘန်တွေအင်အားကြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အစ္စလာမစ်တွေက ဆံပင်စတိုင် အမျိုးမျိုးကို ကန့်သတ်ခဲ့ပြီးအမျိုးသားတွေကို မုတ်ဆိတ်အရှည် ထားခဲ့ခိုင်းပါသေးတယ် ။ အဲ့ဒီနောက်ပိုင်းမှာတော့ အပြောင်ရိတ်ခြင်းတွေက ခေတ်စားလာခဲ့ပြီး အာဖဂန် အမျိုးသားတွေဟာ ဖက်ရှင်ကျစေဖို့ ဆံပင်ညှပ်ဆိုင်တွေ သွားရောက်ညှပ်လေ့ရှိခဲ့ပါတယ်။ crd
Be the first to comment