အာဖဂန်နစ္စတန်မှာ အင်အားပြင်း ငလျင်လှုပ်ခတ် လူ ၁၀၀၀ နီးပါး သေဆုံး
အာဖဂန်နစ္စတန် အရှေ့ပိုင်းနဲ့ အိမ်နီးချင်းပါကစ္စတန်တို့မှာ ယနေ့ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းတုန်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၉၂၀ သေဆုံးခဲ့ကာ ၆၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ပြင်းအား ၅.၉ အဆင့်ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၉၂၀ ဦးထိမြင့်တက်လာပြီး နောက်ထပ် သေဆုံးသူအရေအတွက်လည်း တိုးလာဖွယ်ရှိကြောင်း တာလီဘန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိက ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ငလျင်ဒဏ်သင့်ခဲ့တဲ့ ဝေးလံခေါင်သီတဲ့ ပက်တီခါနဲ့ ခို့စ် ပြည်နယ်တွေသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
“ အခုထိ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေ အရ အနည်းဆုံး လူ ၉၂၀ လောက် သေဆုံးခဲ့ပြီး ၆၀၀ လောက်ဒဏ်ရာရခဲ့ပါတယ်” လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လက်ထောက်ဝန်ကြီး မော်လာဝီ ရှာရာ ဖက်ဒင် မူဆဆင်က ဗုဒ္ဓဟူးနေ့ ယနေ့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းက ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ ဆာလ်ဟက်ဒင် အယူဘီက “ ငလျင်ဒဏ် သင့်ခဲ့တဲ့ အချို့ကျေးရွာတွေဟာ တောင်တန်းတွေပေါ်ရှိ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာရှိနေကြပြီး ငလျင်ဒဏ်သင့်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ စုဆောင်းဖို့ အချိန်အနည်းငယ် ကြာ မှာဖြစ်တာကြောင့် သေဆုံးသူဦးရေဟာလည်း တိုးလာဖွယ်ရှိတယ်” လို့ ဆိုပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း
zawgyi … အာဖဂန္နစၥတန္မွာ အင္အားျပင္း ငလ်င္လွုပ္ခတ္ လူ ၁၀၀၀ နီးပါး ေသဆုံး
အာဖဂန္နစၥတန္ အေရွ႕ပိုင္းနဲ႔ အိမ္နီးခ်င္းပါကစၥတန္တို့မွာ ယေန႔ ဗုဒၶဟူးေန႔ မနက္အေစာပိုင္းတုန္းက အင္အားျပင္းငလ်င္တစ္ခု လွုပ္ခတ္ခဲ့ၿပီး လူေပါင္း ၉၂၀ ေသဆုံးခဲ့ကာ ၆၀၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို့ သိရပါတယ္။
ျပင္းအား ၅.၉ အဆင့္ရွိတဲ့ ငလ်င္ေၾကာင့္ ေသဆုံးသူဦးေရဟာ ၉၂၀ ဦးထိျမင့္တက္လာၿပီး ေနာက္ထပ္ ေသဆုံးသူအေရအတြက္လည္း တိုးလာဖြယ္ရွိေၾကာင္း တာလီဘန္ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး အရာရွိက ဆိုပါတယ္။
ကယ္ဆယ္ေရးသမားေတြဟာ ငလ်င္ဒဏ္သင့္ခဲ့တဲ့ ေဝးလံေခါင္သီတဲ့ ပက္တီခါနဲ႔ ခို့စ္ ျပည္နယ္ေတြသို့ သြားေရာက္ၿပီး သဘာဝေဘးအႏၲရာယ္သင့္ ျပည္သူေတြကို ကယ္ဆယ္ဖို့ ႀကိဳးပမ္းေနခဲ့ၾကတယ္လို့ ေျပာၾကားခဲ့ပါတယ္။
“ အခုထိ ကၽြန္ေတာ္တို့ ရရွိထားတဲ့ အခ်က္အလက္ေတြ အရ အနည္းဆုံး လူ ၉၂၀ ေလာက္ ေသဆုံးခဲ့ၿပီး ၆၀၀ ေလာက္ဒဏ္ရာရခဲ့ပါတယ္” လို့ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမွု လက္ေထာက္ဝန္ႀကီး ေမာ္လာဝီ ရွာရာ ဖက္ဒင္ မူဆဆင္က ဗုဒၶဟူးေန႔ ယေန႔မွာ လုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။
အေစာပိုင္းတုန္းက ျပည္ထဲေရးဝန္ႀကီးဌာန တာဝန္ရွိသူ ဆာလ္ဟက္ဒင္ အယူဘီက “ ငလ်င္ဒဏ္ သင့္ခဲ့တဲ့ အခ်ိဳ့ေက်းရြာေတြဟာ ေတာင္တန္းေတြေပၚရွိ ေဝးလံေခါင္သီတဲ့ ေဒသေတြမွာရွိေနၾကၿပီး ငလ်င္ဒဏ္သင့္မွုနဲ႔ ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြ စုေဆာင္းဖို့ အခ်ိန္အနည္းငယ္ ၾကာ မွာျဖစ္တာေၾကာင့္ ေသဆုံးသူဦးေရဟာလည္း တိုးလာဖြယ္ရွိတယ္” လို့ ဆိုပါတယ္။
crd ; ဘန္ေကာက္လမ္းညြန္ကိုစိုင္း
Be the first to comment