အိန္ဒိယတွင် စွံ့အနားမကြားကလေးငယ်တစ်ဦး ရေတွင်းပျက်ထဲပြုတ်ကျခဲ့သဖြင့် ၄ ရက်တာအရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ

အိန္ဒိယတွင် စွံ့အနားမကြားကလေးငယ်တစ်ဦး ရေတွင်းပျက်ထဲပြုတ်ကျခဲ့သဖြင့် ၄ ရက်တာအရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် Janigir Champa မြို့နယ် Pihrid ကျေးရွာတွင် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အသက် ၁၀ နှစ် အရွယ် စွံ့အနားမကြား ကလေးငယ် Rehul Sahu ဆိုသူဟာ သူ၏အိမ်နောက်ဘက်တွင် ပြေးလွှား ဆော့ကစားရင်း ပေ ၈၀ အနက် ရေတွင်းပျက်ထဲသို့ မတော်တဆပြုတ်ကျခဲ့သဖြင့် ကယ်ဆယ်ရေအဖွဲ့များက ၄ ရက်တာ နေ့မနားညမနား မြေတူးစက်များဖြင့် ကယ်ဆယ်နေရကြောင်း AFP သတင်းတစ်ပုဒ်တွင် ဖော်ပြချက်အရ သိရပါတယ် ။

ရေတွင်းဟောင်းမှာ ကျဉ်းမြောင်းလွန်းတာကြောင့် တပ်မတော်သားများနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက အောက်စီဂျင် ပိုက်များချပေးကာ ဒီဂျစ်တယ်ကင်မရာများဖြင့် ကလေး၏ ကျမ္မာရေးအခြေအနေကို အချိန်ပြည့် စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ် ။

ကလေးငယ်ဟာ အသက်ရှင်လျှက် ရှိနေတာမို့ ကယ်ဆယ်ရေးလုပ်ငန်းများကို ဇွန်လ ၁၄ ရက်နေ့ထိ အင်တိုက် အားတိုက်ဖြင့် အရှိန် အဟုန်မြှင့်ကာ ဆက်လက် ဆောင်ရွက်နေကြကြောင်း wingsdailynews စာမျက်နှာတွင်ရေးသား ဖော်ပြထားကြောင်း သိရသည် ။ Crd ; SiThuMaung

Zawgyi … အိႏၵိယတြင္ စြံ႕အနားမၾကားကေလးငယ္တစ္ဦး ေရတြင္းပ်က္ထဲျပဳတ္က်ခဲ့သျဖင့္ ၄ ရက္တာအေရးေပၚ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေန

အိႏၵိယနိုင္ငံ အလယ္ပိုင္း Chhattisgarh ျပည္နယ္ Janigir Champa ၿမိဳ့နယ္ Pihrid ေက်းရြာတြင္ ၿပီးခဲ့တဲ့ ဇြန္လ ၁၀ ရက္ေန႔က အသက္ ၁၀ ႏွစ္ အရြယ္ စြံ့အနားမၾကား ကေလးငယ္ Rehul Sahu ဆိုသူဟာ သူ၏အိမ္ေနာက္ဘက္တြင္ ေျပးလႊား ေဆာ့ကစားရင္း ေပ ၈၀ အနက္ ေရတြင္းပ်က္ထဲသို့ မေတာ္တဆျပဳတ္က်ခဲ့သျဖင့္ ကယ္ဆယ္ေရအဖြဲ႕မ်ားက ၄ ရက္တာ ေန႔မနားညမနား ေျမတူးစက္မ်ားျဖင့္ ကယ္ဆယ္ေနရေၾကာင္း AFP သတင္းတစ္ပုဒ္တြင္ ေဖာ္ျပခ်က္အရ သိရပါတယ္ ။

ေရတြင္းေဟာင္းမွာ က်ဥ္းေျမာင္းလြန္းတာေၾကာင့္ တပ္မေတာ္သားမ်ားႏွင့္ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ေအာက္စီဂ်င္ ပိုက္မ်ားခ်ေပးကာ ဒီဂ်စ္တယ္ကင္မရာမ်ားျဖင့္​ ကေလး၏ က်မၼာေရးအေျခအေနကို အခ်ိန္ျပည့္ ေစာင့္ၾကည့္ေနရတယ္လို့ ဆိုပါတယ္ ။

ကေလးငယ္ဟာ အသက္ရွင္လၽွက္ ရွိေနတာမို့ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဇြန္လ ၁၄ ရက္ေန႔ထိ အင္တိုက္ အားတိုက္ျဖင့္ အရွိန္ အဟုန္ျမႇင့္ကာ ဆက္လက္ ေဆာင္ရြက္ေနၾကေၾကာင္း wingsdailynews စာမ်က္ႏွာတြင္ေရးသား ေဖာ္ျပထားေၾကာင္း သိရသည္ ။ Crd ; SiThuMaung

Be the first to comment

Leave a comment

Your email address will not be published.


*