အိန္ဒိယလူမျိုးတွေ လိုက်နာလေ့ရှိတဲ့ ကျန်းမာနုပျိုနေစေမယ့် နည်းလမ်းကောင်းလေးများ

အိန္ဒိယလူမျိုးတွေ လိုက်နာလေ့ရှိတဲ့ ကျန်းမာနုပျိုနေစေမယ့် နည်းလမ်းကောင်းလေးများ

အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်ရန် နည်းလမ်းများစွာ ရှိနေပါတယ်။ ဒါပေမယ့် အိန္ဒိယ လူမျိုးတွေဟာ အစာအိမ် ပြသနာအပါအဝင် အရေပြားပြသနာတွေနဲ့ အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းစတဲ့ အမျိုးမျိုးသော ပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ် ။ သင့်ကိုအသက်ရှည်စွာ နေထိုင်နိုင်ရန်နဲ့ ကျန်းမာနုပျိုနေစေဖို့ အိန္ဒိယလူမျိုးတွေ လိုက်နာလေ့ရှိတဲ့ အကြံပြုချက်တစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။

အစာစားပြီးပြီးချင်း ရေများများသောက်တာကို ရှောင်ကြည်ပါ

အိန္ဒိယလူမျိုးတွေက အစာမစားခင်နဲ့ အစာစားပြီးပြီးချင်းမှာ ရေမသောက်ရန် အကြံပြု ထားပါတယ် ။ အစာမစားခင် ရေသောက်လိုက်ခြင်းက အစာကိုချေဖျက်ပေးမယ့် အစာအိမ်ထဲက အရည်တွေကို အားပျော့သွားစေနိုင်တာပါ။ နောက်ပြီး အစာစားပြီးပြီးချင်း ရေသောက်ခြင်းက အစာအိမ်ထဲက အစာအိမ်တွေကို ထိခိုက်စေနိုင်ပြီး အစာချေဖျက်မှု မကောင်းခြင်း အသားအရေမကောင်းခြင်းနဲ့ အဝလွန်ခြင်း စသည်တို့ကို ဖြစ်စေနိုင်တာပါ။ ကျွမ်းကျင်သူတွေက အစာစားပြီး မိနစ်သုံးဆယ်ခန့် ကြာမှသာ ရေသောက်သင့်ကြောင်း အကြံပြုထားပါတယ်။

အရသာခြောက်မျိုး ပါဝင်အောင် စားပါ

အိန္ဒိယလူမျိုးတွေက အစာစားရာမှာ အချို၊ အငန်၊ အချဉ်၊ အခါး၊ အစပ်နဲ့ အဖန် စတဲ့ အရသာခြောက်မျိုးလုံး မျှတစွာပါဝင်တဲ့ အစားအစာကို စားသောက်ဖို့ အကြံပြု ထားပါတယ်။ ဒါတွေကသင့်ရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန် စေမှာပါ ။

ဂျင်း၊ ဇီယာနဲ့ ငရုတ်ကောင်းမှုန့်တို့ စားပါ

ပူစပ်စေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အစာခြေစနစ်ကို ကောင်းမွန်စေပြီကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေကာ ဓာတ်မတည့်မှုများကို ဖယ်ရှားရန် ကူညီပေးပါတယ် ။ ဂျင်းကို ရေနွေးကြမ်းထဲထည့်ပြီး နေ့စဉ်သောက်ပေးပါက ကျန်းမာရေး အကျိုးသက်ရောက်မှုတွေကို ခံစားမိစေမှာ ဖြစ်ပါတယ်။

အစားအစာကို ပူပူနွေးနွေးစားပါ

အိန္ဒိယဆရာဝန်တွေကတော့ အေးစက်နေတဲ့ အစားအစာတွေကို ရှောင်ပြီး အ စာကို ပူပူနွေးနွေးစားဖို့ အကြံပြုထားပါတယ် ။ အေးစက်နေတဲ့ အစားအစာတွေဟာ အစာကြေရန်ခက်ခဲပြီး အဆိပ်အတောက်တွေကိုလည်း ဖြစ်လွယ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*