အိမ်လခမပေးနိုင်တော့လို့ လမ်းဘေးမှာ နေထိုင်ရတော့မဲ့ အမေအို ၂ ဦးအတွက် မိုးစက်ရဲ့ကူညီမှု

အိမ်လခမပေးနိုင်တော့လို့ လမ်းဘေးမှာ နေထိုင်ရတော့မဲ့ အမေအို ၂ ဦးအတွက် မိုးစက်ရဲ့ကူညီမှု

အိမ်လခ မပေးနိုင်တော့ရင် အထုပ်ဆွဲပြီး လမ်းဘေး ထွက်နေရတော့မဲ့ သား အမိ ၂ ဦးပါ ။ အမေက အသက် (၉၉) နှစ် အရွယ် ဖြစ်ပြီး သမီးကတော့ ၆၉ နှစ် ရွယ်ပါ။

၆၉ နှစ် အဘွားရဲ့ သားဖြစ်သူက ဘယ်ရောက်နေမှန်း မသိသလို အဆက်အသွယ်လည်း မရတော့တာ တော်တော်လေး ကြာနေပြီလို့ သိရပါတယ် ။

အမေအိုကြီးကို ၆၉ နှစ်အရွယ် သမီးဖြစ်သူက အိမ်တွေမှာ လိုက်လံအဝတ်လျှော်ရင်း ကျွေးမွေးပြုစု စောင့်ရှောက် နေတာပါ ။ အခုတော့ အသက်အရွယ်ကြောင့် အဝတ်လျှော်ဖို့ မခိုင်းကြ တော့ဘူးလို့ သိရပါ တယ်။

ဒါကြောင့် အိမ်လခ ပေးဖို့ အခက် အခဲ ဖြစ်နေ ရှာတာ ပါ ။ အဘွားတို့ ၂ ဦး ကို မိုးစက်က အလှူရှင် များရဲ့ လှူဒါန်းငွေဖြင့် ၁ သိန်း လှူဒါန်း ပေးခဲ့ပါတယ် ။

ကူညီ လှု ဒါန်း လို သူများ မိုးစက် ထံကို ဆက် သွယ် လှူဒါန်းနိုင် ပါတယ်။ သားဖြစ်သူလည်း အမြန်ဆုံး ဆက်သွယ် နိုင်ဖို့ အမေအို နှစ်ဦးက မျှော်လင့် နေကြရှာပါတယ်။ Photo-MoeSat

Be the first to comment

Leave a comment

Your email address will not be published.


*