အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်သည့် ထောပတ်ဘိန်းမုန့် လုပ်နည်

အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်သည့် ထောပတ်ဘိန်းမုန့် လုပ်နည်း

ဒီတစ်ခေါက်မှာတော့ အရသာရှိပြီ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ထောပတ် ဘိန်းမုန့်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်နည်းလေးကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ။ ပထမဆုံးအနေနဲ့ မုန့်လုပ်ရာမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ပြောပြလိုပါတယ် ။

ပါဝင်ပစည်းတွေကတော့ -ဆန်စိမ်းမှုန့် 150gတထုပ် ( ဒီအချိုးက ဘိန်းမုန့်အသေးဆို ၁၂ ခု ရပါတယ်) ။ ထန်းလျက်(ကြီးလျှင် ၃ခဲ သေးလျှင် ၅ခဲ ) ဆော်ဒါ (လက်ဖက်စားဇွန်း တဇွန်း ) ဆား အနည်းငယ် အုန်းသီးဖတ် အနည်းငယ် ဘိန်းစေ့ အနည်းငယ် ပါးပါးစိတ်ထားတဲ့ မြေပဲဆန် အနည်းငယ် ထောပတ်ဆီ _အနည်းငယ် ကြက်ဥ ၁လုံး တို့ ဖြစ်ပါတယ် ။

ထောပတ်ဘိန်းမုန့် ပြုလုပ်နည်း

ပထမဦးစွာ ထန်းလျက်ကို အရည်ကြိုပြီး အအေးခံထားပါ။ ပြီးလျှင် ဆန်မှုန့်၊ ဆော်ဒါမှုန့် ၊ ဆားအနည်းငယ် နှင့် ကြက်ဥတလုံးဖောက်ထည့်ပြီ သမအောင်မွှေပေးပါ ။ ပြီလျှင် စောစောက အအေးခံထားသည့် ထန်းလျက်ရည်ကို ဇကာနှင့် စစ်ထည့်ပြီး ရေအနည်းငယ်ထပ်ထည့်ကာ မုန့်ရည်ချောလာသည်အထိ မွှေပေးပါ ။

မုန့်ရည်ချောလာပြီ မပျစ်မကျဲ အနေအထားကို ရောက်ပြီဆိုလျှင် မုန့်ရည်ကို တနာရီခန့် နှပ်ပေးထားပါ။ တချိန်တည်းမှာပဲ ထောပတ်ဆီ၊ အုန်းသီး၊ ဘိန်းစေ့၊ မြေပဲဆန်တို့ကို အသင့်ပြင်ထားပါ ။

အားလုံးပြင်ဆင်ပြီးရင်တော့ ထောပတ်ဘိန်းမုန့် စတင်လုပ်လို့ရပါပြီ ။ ပထမဦးစွာ မုန့်လုပ်မဲ့အိုးကို ထောပတ်ဆီ သုတ်ပါ ။ မိမိပြုလုပ်မယ့် မုန့်အရွှယ်အစားအလိုက် မုန့်ရည်ကို ချိန်ထည့်ပါမယ် ။ မုန့်သားမတင်းခင်မှာ အုန်းသီးဖတ်၊ မြေပဲဆန်၊ ဘိန်းစေတို့ကို မုန့်ပေါ်မှာ ဖြူးထည့်ပေးပါ ။

မုန့်ရဲ့ အပေါ်ကြောလေး တင်းလာပြီဆိုလျှင်တော့ ထောပတ်ဆီလေး သုတ်ပေးပြီ အဖုံးခနအုပ်ပါ ။ ပြီးရင် နောက်တဖက်လှန်ပြီး တခါအဖုံးအုပ်ပါ ။ ဒီနေရာမှာ သတိထားရမယ့် အချက်ကတော့ မီးမပြင်းစေရပါဘူး ။ မီးကို ခပ်အေးအေးဖြင့် လုပ်ရပါမယ် ။

ဒါတွေအားလုံး ပြီးသွားရင်တော့ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်တဲ့ ထာပတ်နံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် မြန်မာဘိန်းမုန့်လေးတွေကို သုံးဆောင်လို့ရပါပြီ ။ အားလုံးအတွက် အိမ်မှာ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ ထောပတ်ဘိန်းမုန့် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*