အိုမစ်ခရွန်ကြောင့် ပထမဆုံးသေဆုံးသူ ရှိလာခဲ့ပြီလို့ အမေရိကန် ကြေညာ

အိုမစ်ခရွန်ကြောင့် ပထမဆုံးသေဆုံးသူ ရှိလာခဲ့ပြီလို့ အမေရိကန် ကြေညာ

အိုမစ်ခရွန် ရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူ တစ်ဦး ရှိလာခဲ့ပြီဆိုတဲ့အကြောင်း အမေရိကန် ကျန်းမာရေး ဌာနက ကြေညာ လိုက်ပါတယ်။ အမေရိကန်နိုင်ငံ ၊ တက္ကဆက်မှာ နေထိုင် တဲ့ အသက် ၅၀ ကျော် အမျိုးသားဟာ အိုမစ်ခရွန် ရောဂါကြောင့် သေဆုံးသွားခဲ့ရ ပါတယ်။ သူက ကိုဗစ် ကာကွယ်ဆေး ထိုးနှံ ထားခြင်းလည်း မရှိခဲ့ပါဘူး။

နိုင်ငံတွင်း ရောဂါ ထိန်းချုပ် မှုဌာနက ဒီသတင်းကို အတည်ပြုပေးခဲ့ပြီး အမေရိကန် နိုင်ငံတွင်း ကိုဗစ် ကူးစက်ခံနေရမှုရဲ့ ၇၃ ရာခိုင်နှုန်းဟာ အိုမစ်ခရွန်ရောဂါပိုး ကူးစက်ခံနေရတာ သာဖြစ်ကြောင်း အသိပေး သွားခဲ့တာပါ။

အမေရိကန်နိုင်ငံတွင်း ကိုဗစ်ရောဂါ ဖြစ်ပွားနေမှုရဲ့ ၉၀ ရာခိုင်နှုန်းဟာ နယူးယော့ခ်မြို့နဲ့ အနီးတဝိုက်မှာ ဖြစ်ပြီး တာဝန် ရှိသူတွေက အဓိက ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ လက်ရှိမှာနိုင်ငံတွင်း Lockdown အခြေအနေနဲ့ ထိန်းချုပ်ဖို့ မလိုသေးကြောင်းနဲ့ ကြိုတင် ကာကွယ်မှုတွေ ကိုတော့ ပြုလုပ်ထားရမှာ ဖြစ်ကြောင်း ပြည်သူတွေကို အသိပေးထားခဲ့ပါတယ်။

အမေရိကန် နိုင်ငံတွင်း ရောဂါထိန်းချုပ်မှု ဌာနရဲ့ အချက်အလက်တွေ အရတော့ ပြီးခဲ့တဲ့ သုံးရက် အတွင်းမှာ အိုမစ်ခရွန်ရောဂါပိုး ပျံ့နှံ့မှုဟာ လျှင်မြန်စွာ ဖြစ်ပေါ်ေ နခဲ့ပြီး Delta ထက် ကူးစက်မှု နှစ်ဆ မြန်ဆန်တယ်လို့ သိရှိရပါတယ်။ Ref:Dailymail

Be the first to comment

Leave a comment

Your email address will not be published.


*