အိန္ဒိယနှင့် မလေးရှားတို့တွင် အိုမီခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူတွေ စတင်တွေ့ရှိ
အိန္ဒိယနိုင်ငံမှာ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် အိုမီခရွန် ကူးစက်ထားသူ နှစ်ဦး ပထမဆုံး တွေ့ရှိခဲ့ပြီလို့ ကြာသပတေးနေ့မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။
ဒီလိုတွေ့ရှိ ခဲ့ပေမယ့်လည်း ဥပဒေပြု အမတ်တွေက တောင်းဆိုထားတဲ့ ကာကွယ်ဆေး ထပ်ဆောင်း ထိုးရေး အစီအစဉ် လတ်တလော ခွင့်ပြုဖို့ မရှိသေးဘူးလို့ အစိုးရက ပြောဆိုပါတယ်။
မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံထားရသူ နှစ်ဦးဟာ အသက် ၆၆ နှစ်နဲ့ ၄၆ နှစ်အသီးသီးရှိကြတဲ့ အမျိုးသားတွေဖြစ်ပြီး အပျော့စား ရောဂါ လက္ခဏာတွေ သာပြတယ်လို့ ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။
ပထမဆုံး တွေ့ရှိသူက နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ကဖြစ်ပြီး အိန္ဒိယမှာ တစ်ပတ်ကြာနေထိုင်ခဲ့တဲ့ အာဖရိကန် နိုင်ငံသားဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေး ဝန်ကြီးက ပြောဆိုပါတယ်။
နောက်တစ်ဦးကတော့ ဆရာဝန် တစ်ဦးဖြစ်ပြီး မကြာခင် ရက်တွေအတွင်း ခရီးသွား ရာဇဝင် ရှိမထားဘူးလို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မလေးရှားနိုင်ငံမှာ တောင်ဖရိက ကျောင်းသူတစ်ဦးမှာပထမဆုံး အိုမီခရွန် ကူးစက်မှု တွေ့ရှိ ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး Khairy Jamaluddin က ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြောဆိုပါတယ်။
ပိုးတွေ့လူနာဟာ ပီရက်ပြည်နယ် Ipoh ရှိ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုမှာ တက်ရောက်နေ သူဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ မလေးရှား နိုင်ငံကို ဝင်ရောက်ခဲ့ သူဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကျောင်းသူဟာ စင်ကာပူကနေ တဆင့် မလေးရှားကို ရောက် ရှိလာ ခဲ့တာဖြစ်တယ် လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ CNA
Be the first to comment