အေမရိကန္အပါအဝင္ ၄ နိုင္ငံပါဝင္သည့္ Quad အဖြဲ႕ ျမန္မာေရပိုင္နက္အနီးတြင္ စစ္ေရးေလ့က်င့္မႈ႔ျပဳလုပ္
အေမရိကန္၊ အိႏၵိယ၊ ဂ်ပန္နဲ႔ ၾသစေၾတးလ် နိုင္ငံတို့ပါဝင္သည့္ Quad အဖြဲ႕သည္ ျမန္မာေရပိုင္နက္ အနီးမွာ စစ္ေရးေလ့က်င့္မွုမ်ား ျပဳလုပ္လ်က္ ရွိတယ္လို့ သတင္းထုတ္ျပန္ ခ်က္မ်ားအရ သိရပါတယ္။
အဆိုပါ ၄နိုင္ငံပါဝင္သည့္ Quad အဖြဲ႕သည္ ေအာက္တိုဘာလ ၁၂ ရက္ေန႔မွစတင္ကာ ျမန္မာနိုင္ငံ ေရပိုင္နက္ အနီး ဘဂၤလား ပင္လယ္ေအာ္မွာ Malabar 21 ဟုအမည္ ေပးထားသည့္ စစ္ေရးေလ့က်င့္မွု ဒုတိယအဆင့္ကို ျပဳလုပ္လ်က္ရွိတာျဖစ္ပါတယ္။
ထို Quad အဖြဲ႕ရဲ့ စစ္ေရးေလ့က်င့္မွု ဒုတိယအဆင့္ကို အေမရိကန္က ေလယာဥ္တင္ သေဘၤာႀကီး USS Carl Vinson က ဦးေဆာင္ကာ က်န္အဖြဲ႕ဝင္ နိုင္ငံမ်ားကလည္း ေရတပ္စစ္သေဘၤာမ်ားျဖင့္ ပူးေပါင္းပါဝင္ ျပဳလုပ္လ်က္ရွိတယ္လို့ ဆိုပါတယ္။
ဒါ့ျပင္ Quad အဖြဲ႕ရဲ့ စစ္ေရးေလ့က်င့္မွုကို ေအာက္တိုဘာလ ၁၂ရက္ေန႔မွ ေအာက္တိုဘာလ ၁၅ ရက္ အထိ ျပဳလုပ္သြားမွာျဖစ္ၿပီး စစ္ေရးေလ့က်င့္မွုမွာ အိႏၵိယ ေရတပ္၊ အေမရိကန္ ေရတပ္၊ ၾသစေၾတးလ် ေတာ္ဝင္ေရတပ္နဲ႔ ဂ်ပန္ေရေၾကာင္း ကိုယ္ပိုင္ကာကြယ္ေရးတပ္တို့ ပါဝင္ေၾကာင္း သိရပါတယ္။
ထို့ေနာက္ စစ္ေရးေလ့က်င့္မွုအတြင္း ေရငုပ္သေဘၤာမ်ားလည္း ပါဝင္မွာျဖစ္တယ္လို့ အိႏၵိယေရတပ္က သတင္းထုတ္ျပန္ထားကာ စစ္ေရးေလ့က်င့္မွု ပထမအဆင့္ကို ဖိလစ္ပိုင္ပင္လယ္ျပင္မွာ ၿပီးခဲ့သည့္လက က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ crd
Unicode … အမေရိကန်အပါအဝင် ၄ နိုင်ငံပါဝင်သည့် Quad အဖွဲ့ မြန်မာရေပိုင်နက်အနီးတွင် စစ်ရေးလေ့ကျင့်မှု့ပြုလုပ်
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတို့ပါဝင်သည့် Quad အဖွဲ့သည် မြန်မာရေပိုင်နက် အနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက် ရှိတယ်လို့ သတင်းထုတ်ပြန် ချက်များအရ သိရပါတယ်။
အဆိုပါ ၄နိုင်ငံပါဝင်သည့် Quad အဖွဲ့သည် အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံ ရေပိုင်နက် အနီး ဘင်္ဂလား ပင်လယ်အော်မှာ Malabar 21 ဟုအမည် ပေးထားသည့် စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။
ထို Quad အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို အမေရိကန်က လေယာဉ်တင် သင်္ဘောကြီး USS Carl Vinson က ဦးဆောင်ကာ ကျန်အဖွဲ့ဝင် နိုင်ငံများကလည်း ရေတပ်စစ်သင်္ဘောများဖြင့် ပူးပေါင်းပါဝင် ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် Quad အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၁၂ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက် အထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယ ရေတပ်၊ အမေရိကန် ရေတပ်၊ သြစတြေးလျ တော်ဝင်ရေတပ်နဲ့ ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်တို့ ပါဝင်ကြောင်း သိရပါတယ်။
ထို့နောက် စစ်ရေးလေ့ကျင့်မှုအတွင်း ရေငုပ်သင်္ဘောများလည်း ပါဝင်မှာဖြစ်တယ်လို့ အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားကာ စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ပြီးခဲ့သည့်လက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ crd
Be the first to comment