အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ ကျားပေါက်ရဲ့ ukulele ဂစ်တာ ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်

အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ ကျားပေါက်ရဲ့ ukulele ဂစ်တာ ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်

အဆိုတော် ကျားပေါက်ရဲ့ Ukulele ကို အမေရိကန်ဒေါ်လာ ၂၇,၅၀၀ (ကျပ်သိန်း ၅၀၀ ကျော်) နဲ့ လေလံတင် ဝယ်ယူခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် ကမ္ဘာ့ ဈေးအကြီးဆုံး ukulele အဖြစ် မှတ်တမ်းဝင် သွားခဲ့ပြီလည်းဖြစ်ပါတယ်။

မြန်မာတို့ရဲ့ ဒီမိုကရေစီအပေါ် မြတ်နိုးတဲ့ စိတ်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဆိုတဲ့ ဒေါ်လာ ၂၆၀၀၀ တနျ ဂစ်တာထက်ကို ဈေးပိုပေးပြီး ဈေးပြိုင် လေလံစနစ်နဲ့ ဒီည ၉ နာရီမှာ ပိတ်သွားခဲ့ ပါပြီ ။ လေလံပိတ်ဈေး ၂၇၅၀၀ ရရှိခဲ့တာဖြစ်ပြီး ရရှိတဲ့ ငွေကြေး အားလုံးကို အဆိုတော် ကျားပေါက်က ဒီမိုကရေစီ ရရှိရေးအတွက် အားလုံး လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

မနက်ဖြန် ကမ္ဘာ့ သတင်းတွေမှာ ပလူပျံ ပါနေမယ်ဆိုတာ ရင်ခုန်ပြီး မျှော်လင့်နေပါပြီ။ လေလဲကြေး အမြင့် ဆုံးပေးတဲ့ လူက ” World No 1 Ukulele က ဘယ်လောက်လဲ။ $26000 တည်းလား။ $27000 ပေးမယ်တဲ့။

ကိုယ့်ထက် များနေသူရှိမှာစိုးလို့ 27500 ပေးပါတယ်တဲ့။ လိုက်ပေးကြတဲ့အ မတွေက $26001 နဲ့ $27222 ပါ။ လေလံအပိတ်ဈေး $ 27500 ကမ္ဘာ့ ဈေးအမြင့်ဆုံး Ukulele ပါ ။

ukulele ဂစ်တာဖန်တီးရှင်ကိုကျားပေါက်လို့ ခေါ်ပါတယ်။ မြန်မာပြည် သားအားလုံး ဒီမိုကရေစီ အမြန်ဆုံး ရ ရှိကြ ပါစေ ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*