အမွှေးအမျှင်တွေ မရှိတော့လောက်အောင် အားပြတ်နေရာကနေ ကယ်တင်ခံခဲ့ရတဲ့ ခွေးလေး

အမွှေးအမျှင်တွေ မရှိတော့လောက်အောင် အားပြတ်နေရာကနေ ကယ်တင်ခံခဲ့ရတဲ့ ခွေးလေး

ဘာလီကျွန်းပေါ်တွင် ခွေးလေ ခွေးလွှင့်တွေနဲ့ ပြည့်နှက်နေပါတယ်။ များစွာသော ကယ်ဆယ်ရေး စခန်းတွေ၊ ဆေးခန်းတွေက တတ်နိုင်သလောက် ကူညီဖို့ကြိုးစားကြပေမယ့် ခွေးလေ ခွေးလွှင့်တွေကတော့ များလာနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် လူတွေဟာ လမ်းပေါ်က တိရိစ္ဆာန်တွေကို လျစ်လျူမရှုပဲ ကူညီပေးဖို့က အရေးကြီးတာ ဖြစ်ပါတယ်။ Aaron ဆိုသူ ကတော့ ဒဏ်ရာတွေရပြီး အထီးကျန် ဝမ်းနည်းနေတဲ့ လမ်းပေါ်က ခွေးလေးကို ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တာပါ ။

Aaron ရဲ့သနားကြင်နာမှုကြောင့် လမ်းပေါ်ကဒုက္ခရောက်နေတဲ့ ခွေးလေးဟာ သူ့ရဲ့အိမ်အသစ်မှာ ပြည့်စုံပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ခွေးလေး Homer ဟာ တစ်ဖန်ယုံကြည်မှုနဲ့ ချစ်ခြင်းတွေကို သင်ယူခဲ့ပြီး ပျော်ရွှင်တဲ့ ခွေးလေးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။

ဘယ်သူကမှ ဒီခွေးလေးကို ခေါ်ဆောင်သွားဖို့ မလုပ်ခဲ့ကြသလို ဒါဟာ ဘာလီမှာရှိနေတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ကားလမ်းနံဘေးမှာ ရှိနေခဲ့တဲ့ ခွေးလေးကို Aaron က ကားတိုက်မိမှာစိုးရိမ်ပြီး သနားတာကြောင့် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူကယ်ဆယ်ခဲ့စဉ်က ခွေးလေးဟာ ဆာလောင်နေခဲ့ပြီး ရေဓာတ်ခမ်းခြောက်ကာ နာကျင်မှုတွေကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ သူကအစပိုင်းမှာ ဒီခွေးမှာအရေပြား ပြသနာတွေရှိတယ်လို ထင်ခဲ့ပေမယ့် အနီးကိုရောက်တဲ့အချိန်မှာတော့ အကျိတ်တွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ဝေဒနာ ခံစားနေရတဲ့ ခွေးလေးကိုမြင်ပြီး အရမ်းကို ကြေကွဲခဲ့ရကြောင်းလည်း ပြောပြထားပါတယ်။ အဲနောက်မှာတော့ Homer ကို လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။

လူသားတွေကို ကြောက်ရွံ့နေတဲ့ Homerကို လူသားတွေနဲ့ ရင်းနှီး လာဖို့ Aaron ဟာ သူ့ရဲ့လှောင်အိမ်ဘေးမှာ တစ်နေ့ကိုနာရီပေါင်းများစွာ နေပေးခဲ့တာပါ။ သုံးလအကြာမှာတော့ Homer ခံစားနေရတဲ့ ကင်ဆာရောဂါဟာ ပျောက်ကင်းသွားပြီး ဝဖြိုးကျန်းမာတဲ့ ခွေးလေးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။အခုဆိုရင်သူ့ရဲ့ သခင်အသစ်နဲ့အတူ ချစ်ခြင်းမေတ္တာ ကိုနားလည်ပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်တဲ့ ခွေးလေးအဖြစ်ရှိနေတာပါတယ်။ခရက်ဒစ် ; shwemom

Add a Comment

Your email address will not be published. Required fields are marked *