အရေးပေါ်အခြေအနေနှင့် ရုံးပိတ်ရက်အကန့်အသတ် မရှိကြေငြာပြီးနောက် ရန်ကုန်မြို့ပုဂ္ဂလိကကုမ္ပဏီအချို့ လစာအပြည့်ဖြင့်ရုံးပိတ်ပေး
အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယနေ့ (စက်တင်ဘာ ၇ ရက်) မှစတင်၍ မြန်မာနိုင်ငံအား အရေးပေါ် အခြေအနေကြေငြာခဲ့ပြီး ရက်အကန့် အသတ်မရှိ ရုံးပိတ်ရက်ကြေငြာပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီအချို့မှ ၄င်းတို့၏ ဝန်ထမ်းများအား လစာအပြည့်ဖြင့် ရုံးပိတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
အရေးပေါ် အခြေအနေကြေငြာသည့် ယနေ့ မနက် ပိုင်းမှစတင်၍ ဝန်ထမ်းများ အားလုံးပြန်လွှတ်လိုက်ပြီး ရက်အကန့် အသတ်မရှိ ပိတ်ထားမည် ဖြစ်ပြီး အခြေအနေပေါ် မူတည်၍ ရုံးပြန်တက်ရ မည့်ရက်အား ပြန်လည်ဆက်သွယ်မည်ဖြစ် ကြောင်း သိရသည်။
” ဒီမနက်ကစပြီး D-Dayဆိုတော့ ညီမတို့ရုံးက ပိတ်ပေးလိုက်တယ်။အ ဆောင် တခုထဲ မှာနေတဲ့ တခြားသူတွေ လည်း ပြန်လာကြတယ်။ သူတို့ရုံး တွေကိုလည်း ပိတ်ပေးလိုက်တယ် ။ လစာ အပြည့်နဲ့ဘဲ ။ ဂရုစိုက်ပြီးနေကြဖို့ မှာတယ် ။ ဘယ်နေ့ပြန်တက်ရမယ် ဆိုတာမပြောဘူး”ဟုရန်ကုန်မြို့ ဆေး ကုမ္ပဏီတခု၏ ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
NUG အစိုးရ အနေဖြင့် ယနေ့အား D-Day အရေးပေါ် အခြေအနေအဖြစ်ကြေငြာပြီးနောက် မြို့နယ် အချို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည် ။ ထို့ပြင် ရန်ကုန်မြို့ အတွင်းရှိ ပြည်သူ လူထု အများစု အနေဖြင့် အ ခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ စုဆောင်း ဝယ်ယူမှုများ ရှိနေကြောင်း သိရ သည် ။ Source ; AyeyarwaddyTimes
Be the first to comment