


ကွာလာလမ်ပူမြို့က နိုင်ငံတကာ လေ့လာရေးနဲ့ မဟာဗျူဟာဌာန (ISIS) မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲသို့ တက်ရောက် လာတဲ့ ဝန်ကြီး Saifuddin က သတင်းထောက်တွေကို အခုလို ပြောခဲ့တာလို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။



Unicode … အရေးပေါ် အခြေအနေကြေငြာပြီး တော်လှန်ရေး စတင်လိုက်တာဟာ မြန်မာ့အ ရေးမှာကြားဝင်နေတဲ့ အာဆီယံ ကျရူံးသွားပြီလို့ ဝန်ခံလိုက်တဲ့ မလေးရှာဝန်းကြီး

NUG က တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေကြေညာပြီး တော်လှန်ရေးစတင်လိုက်တာဟာ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေတဲ့ အာဆီယံရဲ့ ကျရှံးမှုတစ်ခု ဖြစ် တယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က စက်တင်ဘာလ ၈ ရက် ပြောလိုက် ပါတယ်။

ကွာလာလမ်ပူမြို့က နိုင်ငံတကာ ေလ့လာေရးမဟာဗျူဟာဌာန (ISIS) မှာ ပြုလုပ်တဲ့ ပွဲကို တက်ရောက် လာတဲ့ ဝန်ကြီး Saifuddin က သတင်းထောက်တွေကို အခုလို ပြောခဲ့တာလို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ နိုင်ငံအရေးနဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေတွေကို ရန်ကုန်မြို့မှာရှိတဲ့ မလေးရှား သံရုံးက အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး Saifuddin က ပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားတဲ့ ဘရူနိုင်းဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အိုင်ရီဝမ်ယူဆွတ်နဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဆီယံအ နေနဲ့ မြန်မာအရေး ဘုံသဘောတူညီချက် ငါးချက်ကို အကောင် အထည်ဖော်ဖို့ ဆက်ပြီးကြိုးပမ်း သွားမယ်လို့ ဆိုသွားပါတယ်။ Source ; National Unity Network -NUN

Add a Comment

Your email address will not be published. Required fields are marked *