အေျခခံပညာ အလယ္တန္းေက်ာင္းသား၊သူမ်ား ပထမႏွစ္ဝက္စာေမးပြဲကို ဇန္နဝါရီ ၅ ရက္ေန႔တြင္စတင္မည္ဟု ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေႀကျငာ

အေျခခံပညာ အလယ္တန္းေက်ာင္းသား၊သူမ်ား ပထမႏွစ္ဝက္စာေမးပြဲကို ဇန္နဝါရီ ၅ ရက္ေန႔တြင္ စတင္မည္ဟု ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေႀကျငာ

အေျခခံပညာ အလယ္တန္းေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ ပထမႏွစ္ဝက္ စာေမးပြဲကို ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္မွ စတင္ကာ ေျဖဆို ရမည္ျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာနမွ သိရသည္။

 

ပညာေရး ဝန္ႀကီးဌာန အေျခခံပညာ ဦးစီးဌာနမွ အရာရွိ တစ္ဦးက“အလယ္တန္းေက်ာင္းေတြ ေျဖရမွာေပါ့။ ၈ တန္း အထိေပါ့ ။ တစ္ႏိုင္ငံလုံ းကေက်ာင္းေတြ အကုန္လုံး တစ္ရက္တည္း စေျဖရမွာ ျဖစ္ပါတယ္” လို႔ေျပာပါတယ္။

ႏိုင္ငံအတြင္းရွိ ပုဂၢိလိက ကိုယ္ပိုင္ေက်ာင္းမ်ား၊ အစိုးရေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ ပညာေရး ေက်ာင္းမ်ားပါ တစ္ရက္တည္း စတင္ေျဖဆို ရမည္ျဖစ္တယ္လို ႔ဆိုပါတယ္။ လာမယ့္ ဇန္နဝါရီလ ပထမ ပတ္ ထဲမွာပဲ တကၠသိုလ္ ေကာလိပ္ဘေက်ာင္းေတြကိုပါ ဖြင့္လွစ္သြားမယ္လို႔ ထုတ္ျပန္ခ်က္ အရ သိရပါတယ္။ ခရက္ဒစ္

Unicode … အခြေခံပညာ အလယ်တန်းကျောင်းသား၊သူများ ပထမနှစ်ဝက်စာမေးပွဲကို ဇန်နဝါရီ ၅ ရက်နေ့တွင် စတင်မည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာ

အခြေခံပညာ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပထမနှစ်ဝက် စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်မှ စတင်ကာ ဖြေဆို ရမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

 

ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ အရာရှိ တစ်ဦးက“အလယ်တန်းကျောင်းတွေ ဖြေရမှာပေါ့။ ၈ တန်း အထိပေါ့ ။ တစ်နိုင်ငံလုံ းကကျောင်းတွေ အကုန်လုံး တစ်ရက်တည်း စဖြေရမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

နိုင်ငံအတွင်းရှိ ပုဂ္ဂိလိက ကိုယ်ပိုင်ကျောင်းများ၊ အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများပါ တစ်ရက်တည်း စတင်ဖြေဆို ရမည်ဖြစ်တယ်လို့ဆိုပါတယ်။ လာမယ့် ဇန်နဝါရီလ ပထမ ပတ် ထဲမှာပဲ တက္ကသိုလ် ကောလိပ်ဘကျောင်းတွေကိုပါ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*