အံကိုတင်းပြီး လက်သီးဆုပ်ထားတယ် ရင်ကိုကော့ပြီး ခေါင်းမော့ထားပါတယ် ဆိုပြီး မိသားစုကို လွမ်းတဲ့အကြောင်း ရေးသာလာတဲ့ ဒါရိုက်တာ ကိုပေါက်

အံကိုတင်းပြီး လက်သီးဆုပ်ထားတယ် ရင်ကိုကော့ပြီး ခေါင်းမော့ထားပါတယ် ဆိုပြီး မိသားစုကို လွမ်းတဲ့အကြောင်း ရေးသာလာတဲ့ ဒါရိုက်တာ ကိုပေါက်

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ … ပြည်သူချစ် သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ကတော့  မီသားစုနဲ့ သားတွေကို လွမ်းတဲ့ အကြောင်း အခုလို ရေးသား ထား ပါတယ် ။

” သားတွေကို လွမ်းရတာ များလာတော့လဲ ရင်ထဲလှိုက် လှိုက်ပြီး ဝမ်းနည်း ပူဆွေးရတာ များလာတယ်။

ကျန်တဲ့ နေရေး ထိုင်ရေး စားရေး သောက်ရေး အားလုံး အဆင်ပြေ အောင် ကျနော နေတတ် ပါတယ်။

ဒါပေမယ့် မိသားစုကို လွမ်းရတဲ့ အခါ ကျနော် အဆင်မပြေဘူး။

တစ်ချို့ တိုင်းရင်းသား ကလေးတွေ နဲ့ ဘာသာ စကား ခက်ခဲပေ မယ့် ကလေး ဆိုတာ လက်သာရင် ကပ်တာ ပါပဲ ။

ကျနော့ သားတွေနဲ့ စမက်ဒေါင်း မချရတာ ၉ လကျော် ၁၀ လ ထဲ့ ရောက်လာတော့ သူနဲ့ ချတာပေါ့။

သူနဲ့ စမက်ဒေါင်း ချတဲ့ အခါ သူပျော်နေတာတွေက ကျနော့် သားတွေနဲ့ ချနေရ သလိုပါပဲ။

ကလေးတွေရဲ့ သဘော သဘာဝက အတူတူ ပဲလေ။

အလွမ်းကို သတိရခြင်းတွေနဲ့ ဖြေသိမ့်ရင်း “ အံကိုတင်းပြီး လက်သီးဆုပ်ထားတယ် ရင်ကိုကော့ပြီး ခေါင်းမော့ ထားပါတယ် ” လို့ရေးသားထားပါတယ် ။ Crd ; Aung_Min_Naing ( ဒါရိုက်တာ ကိုပေါက်)

Be the first to comment

Leave a comment

Your email address will not be published.


*