အမြင့် ၁၇ ပေခန့်အထိ စံချိန်တင် နှင်းထုဖုံးလွှမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်
ကယ်လီဖိုးနီးယား ပြည်နယ် အတွင်းမှာရှိတဲ့ ဆီရာနဗားဒါး တောင်တန်း ဒေသမှာ ဆိုးရွားတဲ့ နှင်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း စံချိန်တင်နှင်းထုဖုံးလွှမ်းမှု ဖြစ်ပွားခဲ့ရပါတယ်။
ဆီရာနဗားဒါးမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ နှင်းကျဆင်းမှုဟာ အမြင့် ၁၇ ပေလောက် ရှိတဲ့ နှင်းထုကို ဖြစ်ပေါ်စေခဲ့ပြီး တတိယမြောက် နှင်းအထူ ထပ်ဆုံးလအဖြစ် မှတ်တမ်းဝင် သွားခဲ့တာပါ ။
အဲဒီဒေသမှာ အမြင့်ဆုံး နှင်းထု စံချိန်အဖြစ် ၂၃၈ လက်မရှိတဲ့ နှင်း ထုဖုံးလွှမ်းမှု ဖြစ်ပေါ်ခဲ့ဖူးပြီး အဲဒါက ၂၀၁၇ ဇန်နဝါရီမှာ ဖြစ်ပွားခဲ့တာပါ။
နှင်းထုတိုင်းတာရေး ဓာတ်ခွဲခန်းရဲ့ တာဝန်ခံတွေ ကတော့ ဆိုးရွားပြီး ပြင်းထန်လှတဲ့ နှင်းကျဆင်းမှုဟာ မိနစ်လေးဆယ် အတွင်းမှာပဲ အမြင့် ၁၇ ပေနီးပါးကို ရောက်သွားစေခဲ့ပြီး ဒေသတွင်း စံချိန်တင် နှင်းထုဖုံးလွှမ်းမှုကိုတောင် ဖြစ်သွားစေနိုင်တယ်လို့ သုံးသပ်ထားခဲ့တာပါ။
၁၉၇၀ ခုနှစ်တုန်းက ဒီဒေသမှာ အမြင့် ၁၄ ပေလောက် အထိ နှင်းထုဖုံး လွှမ်းခဲ့ဖူးပြီး လက်ရှိနှင်းကျဆင်းမှုနှုန်းဟာ အဲဒီ စံချိန်ကို ကျော်ဖြတ်သွားစေခဲ့တာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ဆီရာဓာတ်ခွဲခန်းရဲ့ သိပ္ပံပညာရှင်ခေါင်းဆောင် အန်ဒရူး ရှဝပ်ဇ်ကတော့ ဒီနှစ်အတွက် လက်ရှိ နှင်းထု ပမာဏဟာ ထပ်မံမြင့်တက်လာဖို့ မရှိတော့ကြောင်းနဲ့ ဒါဟာ ဆောင်းရာသီ ကာလတစ်လျှောက် အမြင့်ဆုံး နှင်းထုပမာဏ ဖြစ်လာမယ့်အကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ် / Ref ; CNN
Be the first to comment