ဦးမေတ္တာ ကွယ်လွန်ခြင်း ၃ လပြည့် လွမ်းဆွတ်သတိရခြင်းဆိုပြီ သတိရတဲ့ အကြောင်း ရေးသားလာတဲ့ ဦးမေတ္တာရဲ့ဇနီး

ဦးမေတ္တာ ကွယ်လွန်ခြင်း ၃ လပြည့် လွမ်းဆွတ်သတိရခြင်းဆိုပြီ သတိရတဲ့ အကြောင်း ရေးသားလာတဲ့ ဦးမေတ္တာရဲ့ဇနီး

ဒီနေ့ နိုဝင်ဘာ၂ရက်နေ့ဆိုရင် ဝါရင့်လူရွှင်တော်ကြီး ဦးမေတ္တာ ကွယ်လွန်တာ ၃ လ ပြည့်ခဲ့ပြီ လည်းဖြစ်ပါတယ်။ မိသားစုနဲ့ ပရိသတ်တွေကတော့ ဦးမေတ္တာကို ဘယ်တော့မှမေ့သွားကြမှာ မဟုတ်ပါဘူး။ မိသားစု အနေနဲ့ လည်းဦးမေတ္တာအတွက် အလှူတွေတောက်လျှောက် ပြုလုပ်ပေး ခဲ့ပါတယ်။ ၃လပြည့်တဲ့ဒီနေ့မှာလည်း အလှူတွေလုပ်ဖြစ်တဲ့အကြောင်းကို ဇနီးဖြစ်သူ မလွင်မီမီကိုက….

“ဦးရေ မိသားစုကို ရုတ်တရက် ခွဲခွာသွားခဲ့တာလဒီနေ့ဆို (၃) လပြည့်ပြီနော်။တနေ့မှ မေ့မရဘူးဦးရယ် စိတ်ထဲမှာ အရင်လို ခရီးရက်ရှည် သွားနေတယ်လို့ သဘောထားပြီး မေ့မေ့ပျောက်နေခဲ့လို့ စိတ်သက်သာရာ ရတယ်လေ။ ပြန်မလာနိုင်တော့မှန်း သိပေမဲ့ အမြဲမျှော်နေမိတယ်ဦးရယ်။

ဦးရှိစဉ်ကတည်းက နေ့စဉ်ပြုလုပ်နေကျ သံဃာတော်များကို တန်းဆွမ်းလောင်းခြင်းအာစိဏ္ဏကံ ကုသိုလ်နဲ့ အတူ လစဉ် ၂ ရက်နေ့ရောက်တိုင်း ကိုးထပ်ကြီးဘုရားဝင်း ရွှေတောင်ကျောင်းတိုက်မှ သံဃာတော်များအတွက်ဆွမ်းဟင်းချိုင့်နဲ့အချိုပွဲလှူဒါန်းခြင်း တပိုင်တနိုင် ကုသိုလ်လေးတွေ ပြုလုပ်ပေးပါတယ်။

ကျိုက္ခမီ ကရင်သောင်ကျေးရွာ ရေစက်တောင်ပေါ်မှာ ဘုန်းဘုန်းဦးသိင်္ခ ဦးဆောင်ပြီး ဦးမိုးဝင်း ဒေါ်ချိုချိုရီ မိသားစုတည်ထားကိုးကွယ်တဲ့ပင်လုံစေတီတော်မှာကျွန်မတို့မိသားစုလည်း တနလာင်္ဂြိုဟ်တိုင်ဘုရားဆင်းတုတော် အများသုံးအိမ်သာတလုံး ဓမ္မာရုံအလှူ များပါဝင်လှူဒါန်းထားခဲ့ပါတယ်။

နှစ်စဉ် ကထိန် သင်္ကန်းများ စုပေါင်းကပ်လှုခဲ့ကြသလို ဒီနှစ်မှာလည်း ကထိန်သင်္ကန်းအလှူနဲ့အတူ ရင်ပြင်တော် ကြွေပြားခင်းရန်အတွက် အလှူငွေ၅၀၀၀၀လှူဒါန်းပါတယ်။ မိသားစုပြုလုပ်ပေးတဲ့ တပိုင်တနိုင် ကုသိုလ်လေးတွေကြောင့် တဆင့်ထက် တဆင့် မြင့်သထက်မြင့်တဲ့ ဘုံဘဝကို ဗရာက်ရှိပြီး ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ပါစေဦးရေ။ အေးမြလုံခြုံတဲ့ဦးရဲ့ မေတ္တာရိပ်မှာ မိသားစုတွေ အမြဲခိုလှုံ သွားမှာပါ ” လို့ သတိရစကားပြောပါတယ် ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*