ဧရာမခေါက်ဆွဲ ပန်းကန်ကြီးကို မိနစ် ၂၀ အတွင်း ကုန်အောင်စားနိုင်ပါက ဘတ် ၃၀၀၀ ဆုငွေပေးမယ့် ခေါက်ဆွဲဆိုင်

ဧရာမခေါက်ဆွဲ ပန်းကန်ကြီးကို မိနစ် ၂၀ အတွင်း ကုန်အောင်စားနိုင်ပါက ဘတ် ၃၀၀၀ ဆုငွေပေးမယ့် ခေါက်ဆွဲဆိုင်

အစားတစ်လိုင်းတွေအတွက် ဧရာမခေါက်ဆွဲပန်းကန်ကြီးကို ကုန်အောင် စားနိုင်လျှင် ဘတ် ၃၀၀၀ ရမယ့် အခွင့်အရေးကို ထိုင်းခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ စိန်ခေါ်ထားပါတယ်။ ပတ္တရားက Hanging Legs ထိုင်း ခေါက်ဆွဲဆိုင်ဟာ စားသုံးသူတွေကို ဘတ် ၃၀၀၀ ဆုကြေးပေးဖို့ စိန်ခေါ်ထားပြီး မိနစ် ၂၀ အတွင်း ၄.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ခေါက်ဆွဲ ပန်းကန်ကြီးကို ကုန်အောင်စားပြရမှာဖြစ်ပါတယ်။

ဘဲဥတွေ အသားလုံးတွေနဲ့ ခေါက်ဆွဲတွေ တစ်ပန်းကန်လုံးအပြည့်ကို စားနိုင်မယ့်သူက ဗိုက်လဲပြည့်မယ်။ ဆု ကြေးလဲ ထိုက်ထန်တန်တန်ရရှိမှာပါ။ အကယ်၍ ရှုံးနိမ့်ခဲ့ရင်တော့ ၈၉၉ ဘတ် ပြန်လည်ပေးရမှာပါ။ ဒီပြိုင်ပွဲကို တစ်ရက်လျှင် ပါဝင်ယှဉ်ပြိုင် သူ ၁၅ ဦးသာ လက်ခံမယ်လို့လည်း သိရပါတယ်။

စားသောက်ဆိုင်ပိုင်ရှင် Thitiya Smith က အဆိုပါ စားသောက်ဆိုင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စတင်ဖွင့်လှစ်ပြီးကတည်းက ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ ရရှိခဲ့ကြောင်း ဒေသခံသတင်းထောက်တွေအားပြောကြားခဲ့ပါတယ်။

အစိုးရကနေ ကိုဗစ် ၁၉ အစီအမံတွေကို ဖြေလျှော့ပေးလိုက်ပြီးနောက် ထိုင်းနဲ့ နိုင်ငံခြားသား ခရီးသွား တွေဟာ ပတ္တရားကို တစ်ဖန်ပြန်လည်ဝင်ရောက်လာချိန်မှာ အဆိုပါ ခေါက်ဆွဲဆိုင်ဟာ စီးပွားရေးကို လှုံ့ဆော်ဖို့၊ အရောင်းမြှင့်တင်ဖို့နဲ့ လူစိတ်ဝင်စားလာအောင် စိန်ခေါ်မှုတွေနဲ့ စားသောက်ဆိုင်ရဲ့ အကြောင်းကို လူသိလာအောင် လုပ်နေတာလည်း ဖြစ်ပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Zawgyi … ဧရာမေခါက္ဆြဲ ပန္းကန္ႀကီးကို မိနစ္ ၂၀ အတြင္း ကုန္ေအာင္စားနိုင္ပါက ဘတ္ ၃၀၀၀ ဆုေငြေပးမယ့္ ေခါက္ဆြဲဆိုင္

အစားတစ္လိုင္းေတြအတြက္ ဧရာမေခါက္ဆြဲပန္းကန္ႀကီးကို ကုန္ေအာင္ စားနိုင္လၽွင္ ဘတ္ ၃၀၀၀ ရမယ့္ အခြင့္အေရးကို ထိုင္းေခါက္ဆြဲဆိုင္တစ္ဆိုင္မွာ စိန္ေခၚထားပါတယ္။ ပတၱရားက Hanging Legs ထိုင္း ေခါက္ဆြဲဆိုင္ဟာ စားသုံးသူေတြကို ဘတ္ ၃၀၀၀ ဆုေၾကးေပးဖို့ စိန္ေခၚထားၿပီး မိနစ္ ၂၀ အတြင္း ၄.၅ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ ေခါက္ဆြဲ ပန္းကန္ႀကီးကို ကုန္ေအာင္စားျပရမွာျဖစ္ပါတယ္။

ဘဲဥေတြ အသားလုံးေတြနဲ႔ ေခါက္ဆြဲေတြ တစ္ပန္းကန္လုံးအျပည့္ကို စားနိုင္မယ့္သူက ဗိုက္လဲျပည့္မယ္။ ဆု ေၾကးလဲ ထိုက္ထန္တန္တန္ရရွိမွာပါ။ အကယ္၍ ရွုံးနိမ့္ခဲ့ရင္ေတာ့ ၈၉၉ ဘတ္ ျပန္လည္ေပးရမွာပါ။ ဒီၿပိဳင္ပြဲကို တစ္ရက္လၽွင္ ပါဝင္ယွဥ္ၿပိဳင္ သူ ၁၅ ဦးသာ လက္ခံမယ္လို့လည္း သိရပါတယ္။

စားေသာက္ဆိုင္ပိုင္ရွင္ Thitiya Smith က အဆိုပါ စားေသာက္ဆိုင္ကို ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွာ စတင္ဖြင့္လွစ္ၿပီးကတည္းက ေကာင္းမြန္တဲ့ တုန႔္ျပန္မွုေတြ ရရွိခဲ့ေၾကာင္း ေဒသခံသတင္းေထာက္ေတြအားေျပာၾကားခဲ့ပါတယ္။

အစိုးရကေန ကိုဗစ္ ၁၉ အစီအမံေတြကို ေျဖေလၽွာ့ေပးလိုက္ၿပီးေနာက္ ထိုင္းနဲ႔ နိုင္ငံျခားသား ခရီးသြား ေတြဟာ ပတၱရားကို တစ္ဖန္ျပန္လည္ဝင္ေရာက္လာခ်ိန္မွာ အဆိုပါ ေခါက္ဆြဲဆိုင္ဟာ စီးပြားေရးကို လွုံ႔ေဆာ္ဖို့၊ အေရာင္းျမႇင့္တင္ဖို့နဲ႔ လူစိတ္ဝင္စားလာေအာင္ စိန္ေခၚမွုေတြနဲ႔ စားေသာက္ဆိုင္ရဲ့ အေၾကာင္းကို လူသိလာေအာင္ လုပ္ေနတာလည္း ျဖစ္ပါတယ္။ crd ; ဘန္ေကာက္လမ္းညြန္ကိုစိုင္း

Be the first to comment

Leave a comment

Your email address will not be published.


*