ငွေသယ်သံချပ်ကာယာဉ်မှ တံခါပွင့်သွားပြီး ငွေစက္ကူများ လမ်းမပေါ် ပြန့်ကြဲနေခဲ့
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အဝေးပြေး လမ်းမတစ်ခုပေါ်တွင် ငွေစက္ကူ များကို တစ်နေရာမှ တစ်နေရာသို့ သယ်ပေးရသော သံချပ်ကာယာဉ်ပေါ်မှ ငွေစက္ကူများ ထွက်ကျခဲ့သဖြင့် ယင်းလမ်းပေါ်တွင် မောင်းနှင်သွား လာနေသော ယာဉ်မောင်းများ ကောက်ယူ ခဲ့ကြသည်။
ဆန်ဒီယာဂို မြို့မှနေ၍ နိုင်ငံတော်ဗဟိုအာမခံ ကော်ပိုရေးရှင်း ရုံးခွဲတစ်ခုဆီသို့ ငွေစက္ကူများ သယ်ယူ လာသော ယာဉ်ပေါ်မှ ငွေ စက္ကူများ ထွက် ကျခြင်းဖြစ်သည် ။ ယင်း သံချပ်ကာယာဉ်၏ တံခါ ပွင့်သွားပြီး ငွေစက္ကူများထည့်ထားသည့် အိပ်များထွက်ကျကာ အထဲမှ ငွေစက္ကူများ လမ်းမပေါ်ပြန့်ကျဲ သွားခြင်းဖြစ်သည်။
ထိုသို့ဖြစ်ခြင်းကြောင့် မောင်းနှင့်နေသော ကားများ ရပ် တန့်ကာ ယာဉ်မောင်းများက လမ်းပေါ်ပြန့် ကျဲနေသော ငွေစက္ကူများကို အလုအယက် ကောက်ယူကြခြင်းဖြစ်သည်။ ငွေစက္ကူများ ကောက်ယူ သွားကြသူ တို့ အနေဖြင့် နီးစပ်ရာ အဝေးပြေး လမ်းမ ရဲစခန်းများ ဆီသို့ ပြန် လာပေးကြရန် ဒေသ အာဏာပိုင်များက ကြေညာ ထားပြီး၊ ငွေစက္ကူများ လက်ဝယ်မိသူ ၂ ဦးကို ဖမ်းဆီးထား ကြောင်း သိရသည်။
ပြီးခဲ့သည့် သောကြာနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ် ခန့်က ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်တွင် ငွေစက္ကူ တန်ဖိုးပမာဏ မည်မျှ ထွက်ကျ ခဲ့သည် ဆိုခြင်းကိုမူ သက်ဆိုင်ရာက ထုတ်ပြန် ကြေညာခြင်းမရှိသေး ပါဘူး ။ crd
Be the first to comment