Unicode … စေတလုံးမောင်ဘုန်း ဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က အမှတ်တရပုံလေးတွေကို မျှဝေလာခဲ့တဲ့ ခိုင်သဇင်ငုဝါ
ပရိသတ်ကြီးရေ ခိုင်သဇင်ငုဝါ ကတော့ မော်ဒယ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာ လောကထဲကို စတင်ဝင်ရော က်လာခဲ့တဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာတော့ MRTV-4 ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲထဲမှာ နွယ်ဝါ အဖြစ်နဲ့ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုကို ပိုမိုရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ခိုင်သဇင်ငုဝါလေးကတော့ “စေတစ်လုံးမောင်ဘုန်း” ဇာတ်လမ်းတွဲလေးကဇာတ်သိမ်း သွားပြီဖြစ်တဲ့အတွက် လွမ်းနေကြတဲ့ ပရိသတ်တွေကို ဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က အမှတ်တရ ပုံလေးတွေကို မျှဝေဖော်ပြ လာခဲ့ပါတယ်။
ပုံလေးတွေနဲ့အတူ ဇာတ်လမ်းတွဲလေး အောင်မြင်ခဲ့တာကြောင့် ဒီဇာတ်လမ်းတွဲ လေး ဖြစ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ Team တစ်ခုလုံး အတွက် ကြိုးစားရကျိုးနပ်ခဲ့ကြောင်းနဲ့ နွယ်ဝါလေးကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် Season 2 လေးအမြ န်ရိုက်ကူးဖို့ စီစဉ်ပေးလိုကြောင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားခဲ့ ပါသေးတယ်။
ပရိသတ်ကြီးရေ ခိုင်သဇင်ငုဝါကတော့ နွယ်ဝါလေးကို အားပေးကြတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ် တစ်ဦးတစ်ယောက်ချင်းစီ ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော် လို့လည်း ကျေးဇူးတင် ထားခဲ့ပါသေးတယ်။ ခရက်ဒစ်
Be the first to comment
Leave a comment
Your email address will not be published.
*