Unicode … ဈေးကိုလိုက်ခြင်လို့ အမေ့ရဲ့ ဆိုင်ကယ်အမြီးမှာ ကပ်တွယ်ပြီး ငိုယိုကာ အတင်းလိုက်သွားနေခဲ့တဲ့ ကလေးငယ်ရဲ့ ရယ်စရာပုံရိပ်
လူတိုင်းရဲ့ ငယ်ဘဝဟာ ပုံပြင်တစ်ပုဒ်လိုပါဘဲ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှု၊ ရယ်မောမှု၊ တွေရှိခဲ့ပါတယ် ။ ကျွန်တော်တို့ ငယ်စဉ်ဘဝတုန်းဆို အမေဈေးသွားပြီဆိုရင် အတူလိုက်ချင်လို့ အမေ့ရဲ့ခြေထောက်ကိုပွေ့ဖက်ထားပြီး အတင်းလိုက်ခဲ့ဖူးပါတယ် ။
အခုဟာလည်း လူမှုကွန်ရက် စာမျက်နှာတစ်ခုမှ မော်တော်ဆိုင်ကယ်ရဲ့ဖင်အမြီးမှာ ကပ်တွယ်ပြီး ငိုနေတဲ့ အသက်၂နှစ်အရွယ် ကလေးငယ် တစ်ဦးရဲ့ ဓာတ်ပုံက အွန်လိုင်းပေါ်မှာ ဖြစ်ရပ်ဆန်းသစ်တစ်ခု ဖြစ်လာခဲ့ပါတယ် ။
ကလေးငယ်က အမေနဲ့အတူ ဈေးလိုက်သွားချင်ပေမဲ့ အမေက မခေါ်တဲ့အတွက် သူက ဆိုင်ကယ်အမြီးမှာ ကပ်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ မိခင်က သားဖြစ်သူရဲ့ လုပ်ရပ်ကြောင့် စိတ်အနှောက်အယှက်ဖြစ်စေကာ ဆိုင်ကယ်ကိုသာရပ်နိုင်ခဲ့ပါတယ် ။
အဆိုပါပုံက နေ့စဉ်ဘဝမှာ ရိုးရှင်းသော်လည်း၊ ဒီကလေးအတွက် ငယ်ဘဝအမှတ်တရ ဖြစ်ခဲ့ပါတယ် ။ ပို့စ်တင်ပြီး ခဏအကြာမှာ Netizen များက ကလေးငယ်ကို Spiderman အဖြစ်ပြောင်းပြီး ဟာသလုပ်ခဲ့ပါတယ် ။ ဒါဟာ မင်းရဲ့ဘဝမှာ အလွန်ပျော်ရွှင်စရာကောင်းပြီး အမှတ်ရစရာ ခံစားချက်တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ ။ crd
Be the first to comment
Leave a comment
Your email address will not be published.
*