ဆောင်းတွင်းကာလ အပူအောင်းခြင်းနှင့် သွားကိုက်သွားနာခြင်း မဖြစ်ရလေအောင်

ဆောင်းတွင်းကာလ အပူအောင်းခြင်းနှင့် သွားကိုက်သွားနာခြင်း မဖြစ်ရလေအောင်

မဂ်လာပါ… ယခုတစ်ပတ် ဆွေးနွေးချင်တဲ့ ကျန်းမာရေး အကြောင်းက. တော့ အပူအောင်း လို့ သွားနှင့် ခံတွင်း ကိုက်ခြင်း နာခြင်း အကြောင်း ပဲ ဖြစ်ပါတယ်။ဆောင်းကာလ ရောက်လာတာနဲ့ အတူ ကျန်တော်တို့က အအေးဓာတ်ကို ခံစားလာရပါပြီ။ အဲ့တော့ အနွေးထည် ထူထူ ဝတ်ခြင်း၊ ရေးချိုး ရက်ပျက်ခြင်း၊ တခြား ရာသီဥတု အေး၍ ကာကွယ်နည်း များဟာ သတိမထား
မိလျှင် အပူးအောင်းခြင်း များ ဖြစ်တက်ပါတယ်။

ဥပမာ ညဘက် ခြေအိပ်ဝတ်အိမ်ခြင်း၊နေ့ဘက် ရေလုံလောက်အောင် မသောက်ခြင်းခြေအိပ် လက်အိပ် ကို အချိန်ကြာ မြင့်စွာ ဝတ်ဆင်ထား ခြင်းများ၊ ထိုကဲ့သို့ အပူ များအောင်း သောအခါ ၊ အပူများနေပြီ ဆိုတာ အချက်ပြ ခြင်းကတော့ ၁။ သွားကိုက်ခြင်း ၂။ ခံတွင်းအတွင်း အပူဖုလေး များပေါက်ခြင်း ၃။ အာခံတွင်း အနံ နံခြင်း မျာကသက်သေ ပြနေပါပြီ။

ထို့ကြောင့် သွားကိုက်၊ သွားနာ ခြင်းက ပြသာနာ တစ်ခုဖြစ်လာပါတယ်။ထို့ကြောင့် မဖြစ်အောင် နေထိုင်ပြုမူနှင့်သွားကိုက်လျှင်လည်း အရေးပေါ်သက်သာအောင် ဖြေရှင်းနည်း များကို မျှဝေပေးပါမယ်။ရေချိုး ခြင်းကို ဂရုစိုက်ပါ။ နောက်ကျရင် မချိုးပါနှင့် ဒါပေမယ့် နောက်တစ်ရက်တော့ ချိုးဖြစ်အောင်ချိုးပါ။

ရေသောက်ဖို့ မမေ့ပါနှင့်။ တရက် အနည်းဆုံး သုံးလီတာ လောက်သောက်ပေးပါ။မနက်အိပ်ရာ နိုးနိုးချင်း ရေအဝ သောက်ပေးပါ။မျတ်နှာ မသစ်ခင် ရေကို ဒူးမှ လောင်းချပေးပါ။ မျက်နှာ သစ်ပြီးမှ သွားတိုက်ပါ။ခဏ အကြာ ဝမ်းသွားချင်လာပါ လိမ့်မယ်။ဝမ်းကို ပုံမှန် သွားပေးပါ။

အိပ်ရာ နိုးနိုးချင်း ရေကို အဝ သောက်ပေးခြင်းက ဝမ်း ကို မနက်ဘက် ပုံမှန် သွားစေပါတယ်။ထိုအခါ ညဘက် အပူများ ထွက်သွားစေပါတယ်။ ထိုသို့ အပူများ ထွက်သွားခြင်းဖြင့် သွားကိုက်သွားနာ မဖြစ်ပါဘူး။ သွားပိုးစား၊ သွားအခေါင်းပေါက်များ ရှိသော်လည်း သွားကိုက် သွားနာ မဖြစ်စေပါဘူး။

နောက်တစ်ချက် သွားကိုက်သွားနာ ဖြစ်လျှင်ကျန်တော်ကတော့ စိတ်ထဲမှာအပူများနေလို့ အပူထုပ်ရတော့မယ်လို့ပဲ သတိရပါတယ်။ အဲ့တော့ ကျန်တော် လက်တလော အကိုက် သက်သာ အောင်လုပ်တယ်။ အကိုက်အခဲ ပျောက်ဆေးပဲ သောက်ပါတယ်။ဒိုက်ကလိအမ် တစ်လုံး သောက်ပါတယ်။

ခဏ အကြာ သက်သာ သွားပါတယ်။ပြီးရင် ဆားရေ နဲ့ပလုပ်ကျင်းတာ တို့ သွားတိုက်တာတို့ သက်သာအောင် လုပ်ပါတယ်။နောက်နေ့ မကျည်းဖျော်ရည်သောက်၊ ဝမ်းသွားအောင် လုပ်ပါတယ်။သက်သာသွားပါတယ်။လက်တလော သက်သာချင်ရင်တော့ အကိုက်အခဲပျောက်ဆေး လေးသောက်ခြင်းကသက်သာစေပါတယ်။ ရာဂါကင်းဝေး၍ ကျန်းမာကြပါစေ။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*