ဆေးဘက်ဝင်တဲ့ ငန်းနက်သားစားကြရန် မြောက်ကိုရီးယားတွင် အစိုးရမှပြည်သူတွေကို တိုက်တွန်းနေ

ဆေးဘက်ဝင်တဲ့ ငန်းနက်သားစားကြရန် မြောက်ကိုရီးယားတွင် အစိုးရမှပြည်သူတွေကို တိုက်တွန်းနေ

မြောက်ကိုရီးယားနိုင်ငံ ဟမ်ဂျောင်း ပြည်နယ်ထဲတွင် အသစ် တီထွင်ထားတဲ့ လုပ်ငန်း အဆင့် သားဖောက်နည်း စနစ်နဲ့အတူ ငန်းမွေးမြူရေး လုပ်ငန်းပြီးစီးပြီမို့ ငန်းနက်သား စားကြဖို့နှင့် ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက် အောင် ကူညီတော့မယ်လို့လည်း အစိုးရ ရုပ်သံကတဆင့် ပြီးခဲ့တဲ့ အပတ်က မြောက်ကိုရီးယားအစိုးရက သူ့နိုင်ငံသားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ငန်းနက်သားဟာ အဖိုးတန်တဲ့ စားနပ်ရိက္ခာ ရင်းမြစ်ဖြစ်ပြီး ဆေးဘက်ဝင်တန်ဖိုးလည်းရှိတယ်လို့ အစိုးရ မီဒီယာက ပြောပါတယ်။ ကိုရီးယာ ကျွန်းဆွယ် ငြိမ်းချမ်း ကြွယ်ဝရေးဌာန ဥက္ကဋ္ဌ ကင်မ်ဟျောင်ဆွတ်ခ်က “ အသားစားနိုင်တဲ့ လူတန်းစားအုပ်စုတွေ လူ့အဖွဲ့ အစည်းထဲမှာ ရှိနေလို့ စားစရာ အမျိုးစုံ တိုးချဲ့တာဟာ အဓိပ္ပာယ် ရှိတယ် ထင်တယ်။ သူတို့ဟာ ငန်းသား အရောင်းမြှင့်တင်ဖို့ ပစ်မှတ်ပဲ ထင်တယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ စီးပွားရေး ပိတ်ဆို့မှု ခံနေရသရွေ့ ငန်းသားဟာ တိုင်းပြည်ရဲ့ ရေရှည်စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ ကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ် ။ အလှမွေး ငှက်တွေကို စားဖို့ မွေးမြူရေး သုတေသီ တွေဟာ ၂၀၁၉ ခုနှစ်အစောပိုင်းမှာ စခဲ့တာပါ။

စားစရာတွေကို ကိုယ်တိုင် စိုက်ပျိုးဖို့၊ တကိုယ်တော် ဖူလုံအောင် ငါးနဲ့ တခြား တိရစ္ဆာန်တွေကို မွေးဖို့ အာဏာပိုင်တွေက ကျောင်းတွေ၊ စက်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြောခဲ့တယ်လို့ NK News သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ မဖူလုံတာ ကြာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ သဘာဝ ကပ်ဘေးတွေနဲ့ နျူကလီးယား အစီ အစဉ်ကြောင့် နိုင်ငံတကာက ချမှတ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ နဲ့ စီးပွားရေး တလွဲစီမံမှုတွေကြောင့် ဖြစ်တာလို့ လေ့လာသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကတော့ စားနပ်ရိက္ခာ အခြေအနေ ကျပ်တည်းနေတာကို အသိအမှတ် ပြု ပြောဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး ပြည်သူတွေက အနစ်နာခံ ပေးဆပ်နေ ရတာကြောင့် တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*