ေတာင္အာဖရိကမွ နယ္သာလန္သို႕ ပ်ံသန္းလာတဲ့ ေလယာဥ္တြင္ ကိုဗစ္ေရာဂါအသစ္ အိုမီခရြန္ပိုး ကူးစက္ခံရသူ ပိုမိုမ်ားျပားလား

ေတာင္အာဖရိကမွ နယ္သာလန္သို႕ ပ်ံသန္းလာတဲ့ ေလယာဥ္တြင္ ကိုဗစ္ေရာဂါအသစ္ အိုမီခရြန္ပိုး ကူးစက္ခံရသူ ပိုမိုမ်ားျပားလား

ေတာင္အာဖရိက ကေန နယ္သာလန္ နိုင္ငံဆီ ပ်ံသန္းလာခဲ့တဲ့ ေလယာဥ္ ႏွစ္စီးေပၚမွာ ဒါဇင္နဲ႔ခ်ီတဲ့ ကိုဗစ္ပိုး ကူးစက္ခံထားရသူေတြ ပါဝင္ခဲ့တဲ့အေၾကာင္း နယ္သာလန္အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

စေနေန႔ညက ဆိုက္ေရာက္လာခဲ့တဲ့ ေလယာဥ္ ႏွစ္စီးေပၚက ခရီးသည္ေတြကို ကိုဗစ္ စစ္ေဆးမွု ျပဳလုပ္တဲ့အခါ ကိုဗစ္ေရာ ဂါပိုးအသစ္ အိုမီခရြန္ပိုး ကူးစက္ခံထားရသူ (၆၁)ဦးအထိ ေတြ႕ရွိခဲ့ရတာပါ။

“ေလဆိပ္ကို ေရာက္လာၾကတဲ့ ခရီးသြားေတြအကုန္လုံးကို ေဆးစစ္မွုေတြ ျပဳလုပ္ေပးခဲ့တာပါ။ အဲဒီထဲကမွ ေရာဂါကူးစက္ခံရသူေတြကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဟိုတယ္တစ္ခုမွာ သီးသန္႔ခြဲထားပါတယ္” လို့ က်န္းမာေရးဝန္ႀကီးဌာနရဲ့ ေၾကညာခ်က္ထဲမွာ ေတြ႕ရပါတယ္။

နယ္သာလန္နိုင္ငံရဲ့ တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔အေစာပိုင္းက ေတာင္အာဖရိက ေလေၾကာင္းလိုင္းေတြကို ဝင္ေရာက္ခြင့္ပိတ္ထားခဲ့ေပမယ့္ စေနေန႔မွာေတာ့ က်န္းမာေရးဝန္ႀကီးရဲ့ ခြင့္ျပဳခ်က္နဲ႔အတူ ျပန္လည္ ဝင္ေရာက္ ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

နယ္သာလန္နိုင္ငံအတြင္းမွာေတာ့ စားေသာက္ဆိုင္ေတြ၊ အရက္ဆိုင္ေတြနဲ႔ စတိုးဆိုင္ေတာ္ေတာ္မ်ားမ်ားကို တာဝန္ရွိသူေတြက ပိတ္ထားေစခဲ့ၿပီး ကိုဗစ္ စတုတၳလွိုင္းကို ရင္ဆိုင္ဖို့ ျပင္ဆင္ေနၾကတာပါ။

ဒါေပမယ့္ အျခားတစ္ဖက္မွာလည္း နိုင္ငံတြင္း ကိုဗစ္ကန္႔သတ္မွုေတြကို မေက်နပ္သူေတြက ဆႏၵျပပြဲေတြ က်င္းပေနၾကၿပီး အစိုးရအေနနဲ႔ ႏွိမ္ႏွင္းရတဲ့အထိ ျဖစ္ခဲ့တာပါ။ crd

Unicode …တောင်အာဖရိကမှ နယ်သာလန်သို့ ပျံသန်းလာတဲ့ လေယာဉ်တွင် ကိုဗစ်ရောဂါအသစ် အိုမီခရွန်ပိုး ကူးစက်ခံရသူ ပိုမိုများပြားလား

တောင်အာဖရိက ကနေ နယ်သာလန် နိုင်ငံဆီ ပျံသန်းလာခဲ့တဲ့ လေယာဉ် နှစ်စီးပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ကိုဗစ်ပိုး ကူးစက်ခံထားရသူတွေ ပါဝင်ခဲ့တဲ့အကြောင်း နယ်သာလန်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

စနေနေ့ညက ဆိုက်ရောက်လာခဲ့တဲ့ လေယာဉ် နှစ်စီးပေါ်က ခရီးသည်တွေကို ကိုဗစ် စစ်ဆေးမှု ပြုလုပ်တဲ့အခါ ကိုဗစ်ရော ဂါပိုးအသစ် အိုမီခရွန်ပိုး ကူးစက်ခံထားရသူ (၆၁)ဦးအထိ တွေ့ရှိခဲ့ရတာပါ။

“လေဆိပ်ကို ရောက်လာကြတဲ့ ခရီးသွားတွေအကုန်လုံးကို ဆေးစစ်မှုတွေ ပြုလုပ်ပေးခဲ့တာပါ။ အဲဒီထဲကမှ ရောဂါကူးစက်ခံရသူတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဟိုတယ်တစ်ခုမှာ သီးသန့်ခွဲထားပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ တွေ့ရပါတယ်။

နယ်သာလန်နိုင်ငံရဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့အစောပိုင်းက တောင်အာဖရိက လေကြောင်းလိုင်းတွေကို ဝင်ရောက်ခွင့်ပိတ်ထားခဲ့ပေမယ့် စနေနေ့မှာတော့ ကျန်းမာရေးဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့အတူ ပြန်လည် ဝင်ရောက် ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံအတွင်းမှာတော့ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေနဲ့ စတိုးဆိုင်တော်တော်များများကို တာဝန်ရှိသူတွေက ပိတ်ထားစေခဲ့ပြီး ကိုဗစ် စတုတ္ထလှိုင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြတာပါ။

ဒါပေမယ့် အခြားတစ်ဖက်မှာလည်း နိုင်ငံတွင်း ကိုဗစ်ကန့်သတ်မှုတွေကို မကျေနပ်သူတွေက ဆန္ဒပြပွဲတွေ ကျင်းပနေကြပြီး အစိုးရအနေနဲ့ နှိမ်နှင်းရတဲ့အထိ ဖြစ်ခဲ့တာပါ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*