Unicode … နေမင်းကြီးရဲ့ အကြည်လင်အပြတ်သားဆုံး ဓာတ်ပုံတွေကို ရိုက်ယူနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ဦး
အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက အင်ဒရူးမက်ကာသီဆိုတဲ့ နက္ခတ်တာ ရာ ဓာတ်ပုံဆရာ တစ်ယောက်ဟာ နေမင်းကြီးကို အကြည်လင် အပြတ်သားဆုံး ဓာတ်ပုံတွေရိုက်ပြီး အများပြည်သူကို ပြသခဲ့ပါတယ်။
သူဟာ နေမင်းကြီးကို တကွက်ချင်းစီ ပုံပေါင်းများစွ ာရိုက်ကူးခဲ့ပြီး၊ အဲဒီ ပုံတွေအနက် ပုံပေါင်း ၁၅၀၀၀ ကို ဆက်စပ်ထပ်ယူကာ 300 megapixel အရွယ်အစား ဓာတ်ပုံကြီးတစ်ပုံအဖြစ်ဖန်တီးခဲ့တာပါ။ပုံမှန်10megapixel အရွယ်အစား ဓာတ်ပုံတွေ ထက် အဆ ၃၀ ပို အသေးစိပ်ပါတယ်။
အင်စတာဂရမ်မှာ @cosmic-backgroound လို့ လူသိများတဲ့ အင်ဒရူးမက်ကာသီဟာ နေပေါ်က မီးတောင်တွေ ၊ မီးတောက်လှိုင်းတွေ၊ ဝဲကတော့တွေနဲ့ အခြား အသေးစိပ် အချက်အလက်တွေကိုပါ ရှင်းလင်းပြတ်သားစွာ ဓာတ်ပုံရိုက်ယူ နိုင်ခဲ့ပါတယ်။
အင်ဒရူးမက်ကာသီဟာ လကိုလဲ အဲဒီလိုပဲ အသေးစိပ် ရိုက်ယူခဲ့ဖူး ပါသေးတယ်။ သူဟာ ဓာတ်ပုံဆိုင်ရာ ဆုတွေရရှိထားသူ တစ်ဦးဖြစ်ပြီး၊ လက်ရှိမှာလဲ ဓာတ်ပုံသင်တန်းပြ ဆရာတစ်ဦး ဖြစ်ပါတယ်။ crd
Be the first to comment