နော်ဝေနိုင်ငံမှာ လက်ရှိချိန်ထိ အသုံးပြုနေတဲ့ ငါးများကိုမြေထည့်ခြင်းဖြင့် အပင်များအား မြေဩဇာကျွေးနည်
ငါးရဲ့ဈေးက မြေဩဇာ ဈေးထက် အဆပေါင်းများစွာ သက် သာနေတဲ့ အတွက် ငါးများကို မြေထဲမြုတ် လိုက်သည် ။ ဒီပုံထဲကလို ငါးကို စိုက်ပျိုး မြေထဲ တိုက်ရိုက် ထည့်တာမျိုးတွေ အခြား နိုင်ငံတွေရဲ့ ဘိုးဘေးတွေခေတ် မှာ ရှိခဲ့ကြပါသတဲ့ ။ အကြောင်းကတော့ မြေဩဇာ ဈေးတွေ အဆ မတန် များလွန်းတာကြောင့် ဖော့စဖောရပ် ဓာတ်ကို ငါးပုပ်ခြင်း ကနေ ရယူခဲ့ကြ တာမျိုးပါ။
ငါးက မြေထဲမှာ ဆွေးမြေ့ သွားတဲ့အခါ သဘာဝ မြေဆီ မြေနှစ်တွေ ရရှိပြီး စိုက်ပျိုးထားတဲ့ အာလူးပင် အတွက် အညှောင့်ပေါက် ကောင်းသလို အထွက်နှုန်းကိုလည်း ကောင်းစေတာ ဖြစ်ပါသတဲ့။
ဒီလို ရှေးကျတဲ့ နည်းလမ်း တစ်ခုကို ဥရောပ နိုင်ငံ တွေဖြစ်တဲ့ နော်ဝေလို နိုင်ငံမှာ ယခု အချိန်ထိ အသုံးပြုဆဲပါ ။ ခုအချိန် မှာတော့ ဒီလို ငါးအကောင်လိုက် မြေထဲထည့်ပြီး စိုက်ပျိုးတဲ့ စနစ်က အရည် အသွေးမြင့်ပြီး ဈေးကောင်းတဲ့ အာလူး တွေကို ထုတ်လုပ် ပေးနိုင် နေပါတယ်။
အခြားသော သီးနှံပင်များ နှစ်ရှည် သီးပင်များကိုလည်း ဒီနည်းအတိုင်းအသုံးပြုခြင်းဖြင့် မြေဩဇာများကို ထည့်ခြင်းကို သက်သာ စေပါသည် ။
မြိတ်ဒေသတွင် အချို့သော ရေလုပ်ငန်းရှင်များသည် ရောဘာနှင့် ကွမ်းသီးပင် အောက်မှာ ငါးအသေးများ(ပါကေးငါး Trash fish)ကို ထည့်မြုတ်ပေးနေတာကို တွေ့ရပါသည်။ Crd
Be the first to comment