Unicode … နေ့စဉ်မပျက်လူ၃၀၀ခန့်ကို ထမင်းကျွေးလာတာ ရက်ပေါင်း၅၀၀နီးပါးတောင် ရှိလာပြီဖြစ်တဲ့ နေပြည်တော်မှ ထိုက်သူပန် မိသားစု
နေပြည်တော်မှာ အော်လံနဲ့အော်ပြီး နေ့စဉ် ထမင်းဟင်း လှူဒါန်းပေးနေတာကတော့ ထိုက်သူပန်ပဲ ဖြစ်ပါတယ်။
ထိုက်သူပန် ညနေခင်း အဟာရဒါန အမည်နဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၄ရက်နေ့ကနေ နေ့စဉ် မပျက်လူ (၂၅၀) နဲ့ (၃၀၀) ကြားကို ထမင်းကျွေးလာတာ ရက်ပေါင်း (၅၀၀) နီးပါးတောင် ရှိလာပြီဖြစ်ပါတယ်။
ထိုက်သူပန်က ညနေခင်း အာဟာရ ဒါနကော နံနက်စာ အဆာပြေ ထမင်းပါ ထပ်မံ တိုးချဲ့ လှူဒါန်းလို့ နေပါတယ်။ နေပြည်တော်မှာ နေသူပဲဖြစ်ဖြစ် အလည်လာသူပဲဖြစ်ဖြစ် လူမျိုးမရွေး နေ့စဉ် ဝင်ရောက် သုံးဆောင်နိုင်ကြောင် းသိရပါတယ်။
နံနက်ခင်း ထမင်းအလှူ – နံနက် (၇)နာရီမှ(၈)နာရီအထိ
ညနေခင်းထမင်းအလှူ – ညနေ (၅)နာရီမှ (၆)နာရီအထိ ဖြစ်ပါတယ်။
လိပ်စာကတော့ အမှတ်(၅၄၁၃-C)၊ မန္တလေးလမ်းနှင့်သော်က(၁၇)လမ်းဒေါင့်၊ ချင်းရွာအနီး၊ ဥတ္တရ သီရိမြို့နယ်၊ နေပြည်တော် ဖြစ်ပါတယ်။ crd
Be the first to comment